74

2K 411 77
                                    

အပိုင်း။ ၇၄

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၇၄

မင်္ဂလာဦးအိပ်ခန်းကို ပန်းတွေနဲ့ အလှဆင်ထားပြီး၊ အနီရောင် ဖယောင်းတိုင်မီးတွေ ထွန်းညှိထားတယ်။

ရှောင်းကျန့်က စိတ်နဲ့ကိုယ်နဲ့ မကပ်သလို တစ်ယောက်တည်း ကုတင်ပေါ်မှာထိုင်နေရင်း ထွန်းထားတဲ့နဂါးနဲ့ ဖီးနစ် မင်္ဂလာဖယောင်းတိုင် မောင်နှံတစ်စုံကို အချိန်အတော်ကြာတဲ့အထိ ကြည့်နေခဲ့တယ်၊ ဖယောင်းတွေအားလုံး အရည်ပျော်လုနီးနီး ဖြစ်လာတော့မှသာ အကြည့်ကို ပြန်ပြီး ရုတ်သိမ်းလိုက်တယ်၊ အဲဒီနောက်တော့ အသစ်စက်စက် ခင်ပွန်းသည်ဖြုတ်ပေးရတဲ့ ခေါင်းပေါ်က ပုလဲသရဖူကို ကိုယ့်ဟာကိုယ် ဖြုတ်ချလိုက်ပြီး စောင်ခြုံအောက်ထဲ တိုးဝင်ကာ အိပ်ပျော်သွားတယ်။

နဂါးနဲ့ဖီးနစ် မင်္ဂလာဖယောင်းတိုင်တွေက ငြိမ်းကုန်တာ ကြာလှပြီမို့ မှန်အိမ်ကတောင် အေးစက်နေပြီ၊ အဲဒီအချိန်ကျမှ ယွီဝမ်ကျယ်က မင်္ဂလာအိပ်ခန်းထဲကို ခြေသံလုံလုံနဲ့ လျှောက်ဝင်လာတယ်၊ တစ်ခန်းလုံးက မင်္ဂလာအရောင်ကြောင့် ရဲရဲတောက်နေတာ၊ အခန်းထဲမှာ လရောင်တစ်ခုပဲ ကျန်တော့တာတောင် မျက်လုံးထဲမှာ ရဲပတောင်း ခတ်နေတုန်းပဲ။

ယွီဝမ်ကျယ်က တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်ပြီး အိပ်ရာနားကို ဖြည်းဖြည်းချင်း လျှောက်လာတယ်၊ ကုတင်ပေါ်မှာ အလုံထုပ်ထားတဲ့ စောင်အလုံးအထွေးကြီး ရှိနေတယ်၊ သူက လှုပ်ရှားခြင်းမရှိပေမဲ့ စကားသံ ထွက်လာတယ်။

"သွေးစွန်းညဖြစ်သွားချင်ရင် ဒီနေ့လဲ တစ်ခန်းတည်း ထပ်နေဖို့ ပြောကြည့်လိုက်"

ဧည့်သည်တွေစုံနေတဲ့ မင်္ဂလာပွဲညဆိုမှတော့ သံသယမရှိအောင် တစ်ခန်းထဲနေပြီး သရုပ်ဆောင်ပြမှ ရမယ်ဆိုတာ ရှောင်းကျန့် နားလည်တယ်၊ ဒါပေမဲ့ ရှောင်းကျန့်မှာ ယွီဝမ်ကျယ်နဲ့ ပူးပေါင်းချင်စိတ် နည်းနည်းလေးတောင် ရှိမနေတာ၊ ဘာပဲဖြစ်ဖြစ် ယွီဝမ်ကျယ်နဲ့အတူ တစ်အိပ်ရာတည်း လှဲမအိပ်နိုင်ဘူး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now