64 (Vol 3)

1.9K 379 72
                                    

အပိုင်း။ ၆၄

မင်ကျောက်ရဲ့ အထွတ်အမြတ်တောင်ဖြစ်တဲ့ ချီလင်တောင် ပတ်ဝန်းကျင်မှာ တစ်နှစ်ပတ်လုံး မြူတွေရစ်သိုင်းနေတတ်ပြီး ကျမ်းစာရွတ်ဖတ်သံတွေ မပြတ်ကြားရတတ်တယ်၊ ဧကရာဇ်ရှန်းချီက မင်ကျောက်ရဲ့အထွတ်အမြတ် ဝိညာဉ်ကျောက်တုံးကို ဒီတောင်ခြေမှာ ရှာတွေခဲ့တယ်လို့ဆိုတယ်၊ အဲဒီဝိညာဉ်ကျောက်တုံးရဲ့အကူအညီနဲ့ မြောက်ပိုင်းချူရှောင်းတွေကို တိုက်ထုတ်ပြီး တိုင်းပြည်ကို ငြိမ်းချမ်းအောင် ထိန်းသိမ်းနိုင်ခဲ့တာမို့ မင်ကျောက်က အလယ်ပိုင်းဒေသမှာ အင်အားကြီးမားတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်ဆိုတဲ့ဒဏ္ဍာရီလဲ ရှိခဲ့ဖူးတယ်။

ဧကရာဇ်ရှန်းချီနောက်ပိုင်း ခေတ်အဆက်ဆက် ဧကရာဇ်တွေကလဲ ချီလင်တောင်ကို အထွတ်အမြတ်ပြုရာနေရာအဖြစ် ဆက်လက်သတ်မှတ်ခဲ့ပြီး ဘုံကျောင်းတွေ၊ ရုပ်ပွားတော်တွေအသီးသီး ထုလုပ်ကိုးကွယ်ကာ စည်ပင်အောင် ပြုလုပ်ခဲ့တယ်။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က လက်ရှိမင်ကျောက်ရဲ့ ဧကရာဇ်က ချီလင်တောင်ပတ်လည်နဲ့ ဟွိုက်မြစ်ကမ်းတလျှောက်မှာ အကြီးစားစီမံကိန်းချပြီး ဘုံကျောင်းဆောင်နဲ့ ရုပ်ပွားတော်တွေ ထုလုပ်ပူဇော်တယ်၊ ဧကရာဇ်ရဲ့ သမီးတော် ချင်ဟွေ့မင်းသမီးကတော့ တော်ဝင်မင်းသမီးရာထူးနဲ့ နောက်လိုက်ခြွေရံသင်းပင်းအားလုံးကို တရားဝင်စွန့်လွှတ်ပြီး ချီလင်တောင်ပေါ်မှာ သီးသန့်နေထိုင်ကာ တရားအားထုတ်ခဲ့တယ်။

ဒီမင်းသမီး ဘယ်လောက်တောင် သဩဇာပြဆိုးသွမ်းခဲ့သလဲဆိုတာကို မသိတဲ့မင်ကျောက်သားဆိုတာ မရှိဘူး၊ အခုတော့သူက အားလုံးကိုကျောခိုင်းပြီး တရားဘက်မှာပဲ မွေ့လျော်နေတယ်။

သူ့မယ်တော် ကိုယ်လုပ်တော်မိဖုရားနဲ့ မျိုးနွယ်စုတစ်ခုလုံး မတရားစွပ်စွဲခံခဲ့ရတဲ့ကိစ္စအတွက်လဲ အမှန်တရားပေါ်လာပြီး အမည်းစက်ကို ဖယ်ရှားပေးနိုင်ခဲ့တယ်၊ မင်းသမီးရဲ့မယ်တော်နဲ့ ကျို့ယီစစ်သည်တော်တွေကို နောက်ကွယ်ကနေ ဒုက္ခပေးခဲ့တရားခံက မိဖုရားခေါင်ကြီး ဖြစ်နေခဲ့တယ်၊ အားလုံးကို ဖော်ထုတ်ပြီး လက်တုံ့ပြန်နိုင်ခဲ့ပြီတဲ့နောက်မှာ မင်းသမီးက ဝမ်းမြောက်ဝမ်းသာနဲ့ တိုင်းရေးပြည်ရေးကနေ နှုတ်ထွက်သွားတယ်၊ နောက်တော့ တရားရိပ်မှာခိုလှုံကာ အသက်ပေးသွားရတဲ့ စစ်သည်တွေအတွက် မေတ္တာပို့ဆုတောင်းပေးရင်း အေးချမ်းစွာ နေထိုင်တယ်လို့ သိရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now