78

2.2K 421 93
                                    

အပိုင်း။ ၇၈

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၇၈

မနေ့ညက ရှောင်းကျန့် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး၊ နွေဦးပေမဲ့ ချူရှောင်းမှာတော့ အေးလွန်းနေသေးတယ်၊ အထူးသဖြင့် ညဘက်တွေမှာ အအေးပိုတတ်တယ်၊ လေကြမ်းတွေကြောင့် ကြီးမားတဲ့ ယာယီတဲကြီးက အသံမြည်ပြီး ယိမ်းခါသွားလေ့ရှိတယ်။

ရှောင်းကျန့်က ပျော့အိတဲ့ ညောင်စောင်းပေါ်မှာလဲလျောင်းနေရင် အိပ်ပျော်သွားတာ၊ အိပ်မက်ထဲမှာ ယွီဝမ်ကျယ်ပေါ်လာပြီး စိတ်ဒုက္ခပေးလိုက်၊ ဝမ့်ကျွင်းနဲ့ ယွီဝမ်ချန်း တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားတဲ့ပုံရိပ်တွေ ပေါ်လာပြီး စိတ်ရှုပ်အောင် လုပ်လိုက်နဲ့ တစ်ညလုံးကုန်ခဲ့ရတယ်။

အခုတော့ မီးသွေးမီးဖိုနိုင်နိုင်မွေးပေးထားတဲ့ နားနေဆောင်မှာထိုင်နေရတော့ လူက အနည်းငယ်ငိုက်မြည်းလာတယ်။

ချူရှောင်းရဲ့ နွေဦးရာသီ အမဲလိုက်ပွဲတော်က ရှုပ်ထွေးတဲ့ စည်းကမ်းချက် များများစားစား မရှိဘူး၊ ကျယ်ပြောလှတဲ့ မြက်ခင်းစိမ်းမှာ မြင်းကိုကဆုန်ပေါက်စီးပြီး သမင်ဖြစ်စေ ဝက်ဝံဖြစ်စေ ကြိုက်နှစ်သက်ရာအကောင်ကို ပစ်ခွင့်ရှိတယ်၊ မင်းသား ၁ က စောစောစီးစီး သူ့လူတွေခေါ်ပြီး အမဲလိုက်ဖို့ ထွက်လာတယ်၊ ရှောင်းကျန့်ကို လှမ်းမြင်လိုက်တာနဲ့ လှည့်ထွက်သွားတယ်၊ ကြည့်ရတာ သူ့နားမှာ ရှိနေတဲ့ ဝမ့်ကျွင်းကို လာကြည့်တဲ့ပုံ။

ဝမ့်ကျွင်းက အောက်ခင်းမှာထိုင်နေပြီး ရှောင်းကျန့်အတွက် အခါးရည်ပြင်ပေးနေတာ၊ ချူရှောင်းသားတွေက အခါးရည်သောက်တဲ့ ဓလေ့မရှိဘူး၊ ဝမ့်ကျွင်းတစ်ယောက်ပဲ အခါးရည် ကောင်းကောင်းဖျော်တတ်တယ်၊ သူကလဲ လေ့ကျင့်ထားလို့ သိတဲ့ပုံစံ၊ မင်ကျောက် အခါးရည်ဖျော်ဆရာကြီးတွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now