66

2K 386 62
                                    

အပိုင်း။ ၆၆

ချူရှောင်းစစ်သည်တွေက လူရမ်းကားတွေလို မြင်းကို ကြမ်းတမ်းစွာရိုက်နှက်ပြီး ဒုန်းစိုင်းစီးကြတယ်၊ မိုင်ပေါင်းများစွာ ခရီးနှင်ပြီးတဲ့အချိန်မှာတော့ မြင်းတွေက စစ်စခန်းတစ်ခုထဲကို ၀င်ချသွားခဲ့တယ်။

စခန်းအနေအထားကတော့ အလယ်က အကြီးဆုံးယာယီတဲကို ဘေးကနေ စက်ဝိုင်းပုံစံအတိုင်း ဝိုင်းပတ်ပြီး တဲတွေအခိုင်အမာထိုးထားတာ၊  စခန်းတစ်ခုလုံးကို မီးတွေထိန်ထိန်ညီးနေအောင် ထွန်းထားတယ်။

စခန်းထဲကို မြင်းတစ်စီး၀င်လာတော့ အထဲမှာရှိနေတဲ့ စစ်သူကြီးတွေရဲ့အာရုံက မြင်းပေါ် ရောက်လာတယ်၊ ၀င်လာတဲ့မြင်းပေါ်မှာ လူနှစ်ယောက်ရှိနေတာမြင်တော့ ရယ်စရာပြက်လုံးတစ်ခု တွေ့လိုက်ရသလို ကျယ်ကျယ်လောင်လောင် အော်ရယ်ကြတယ်။

ရှောင်းကျန့်က မြင်းပေါ်မှာဆိုပေမဲ့ သူ့ပါးစပ်က အ၀တ်နဲ့ ဆို့ထားခံရတယ်၊ ချူရှောင်းတွေက ယဉ်ကျေးမှုမရှိဘူး၊ လူရိုင်းတွေလို ရိုင်းစိုင်းကြမ်းတမ်းတယ်ဆိုပြီး ကြားဖူးခဲ့ပေမဲ့ ဒီမြေပေါ်ခြေချချချင်းမှာပဲ သူတို့ဆီက ရိုင်းပြစော်ကားမှုကို ပြက်ပြက်ထင်ထင် တွေ့ကြုံခံစားရလိမ့်မယ်လို့တော့ မထင်ခဲ့ဘူးပေါ့။

ဘယ်လိုပဲနေနေ ရှောင်းကျန့်က အင်အားကြီးတိုင်းပြည်တစ်ပြည်က မင်းသမီးတစ်ပါးလေ၊ အခုလက်ရှိမှာလဲ မင်္ဂလာ၀တ်စုံကို ၀တ်ထားရတဲ့ သတို့သမီး၊ ဒါတောင် ဒီလူက ရှောင်းကျန့်ကို မြင်းပေါ် အတင်းတင်ပြေးတယ်၊ ရှောင်းကျန့်က တော်ဝင်မင်းသမီးဆိုတာလဲ သိနေရဲ့သားနဲ့ ရောက်လာကတည်းက စကားကို ပြေပြေလည်လည်မပြောဘဲ ခြိမ်းလားခြောက်လားလုပ်တယ်၊ အောက်ဆင်းခွင့်မပေးဘူး။

သူက တမင်လုပ်နေတော့ မင်းသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို ပါးစပ်က ထုတ်ပြောချင်စိတ်တောင် မရှိတော့ဘူး၊ မင်းသမီးပါလို့ အော်နေရမှာကို ရှက်လာတယ်။

နောက်တော့ သူက ရှောင်းကျန့်ပါးစပ်ထဲကအ၀တ်ကို သေချာဆို့လိုက်ပြီး ပခုံးပေါ်ထမ်းခေါ်သွားတယ်၊ ပခုံးပေါ်က ရုန်းနေတဲ့လူကိုမြင်ကြတော့ ဘေးကပွဲကြည့်ပရိတ်သတ်တွေက ပိုတောင်ရယ်ကုန်ကြတယ်၊ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ကိုလဲ မရိုးသားတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now