58

2.6K 397 44
                                    

အပိုင်း။ ၅၈

ဒီရက်ပိုင်းတွေမှာ ရှောင်းကျန့်ကို အပျော်ကြူးနေတဲ့အခြေအနေရယ်လို့ သတ်မှတ်ရလိမ့်မယ် ထင်တယ်၊ လူတွေက ရှောင်းကျန့်ကို 'ကိုယ်ကျင့်တရားပျက်တယ်' 'လိင်အမှုကိစ္စ လိုက်စားတယ်' ဆိုတဲ့စကားလုံးတွေနဲ့ တွဲမြင်နေပြီးသားပါ၊ ဒါပေမဲ့ အခုကမှ အမှန်တကယ် ဒီဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီစွာနေထိုင်မိသလို ဖြစ်သွားတာ။

အပြင်လောကမှာတော့ တိုက်ခိုက်မှုတွေက ဆက်ရှိနေတုန်းပါ၊ ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခံလိုက်ရတဲ့ ဟွာအန်းနဲ့ သူ့အစ်မရန်မိဖုရားကြားမှာ နေ့စဉ်နေ့တိုင်းအလိုလို အတိအတွေ့တွေ ရှိနေတယ်၊ ရှောင်းကျန့်က စိတ်မ၀င်စားသလို မျက်နှာလွှဲပြီးပျော်ပါးနေပေမဲ့ နားပိတ်ထားတာမှ မဟုတ်တဲ့ဟာ။

နန်းတော်ထဲမှာ လွှတ်ထားတဲ့ လျှို့ဝှက်အထောက်တော်တွေကနေ သတင်းတွေ မပြတ်ရနေတာ၊ ရှောင်းကျန့်က ရလာတဲ့သတင်းတွေကို သေချာစိစစ်ပြီး တွက်ချက်ကြည့်တယ်၊ အချိန်ကျပြီလို့ သတ်မှတ်လိုက်တဲ့နေ့မှာတော့ ကျန်းချောင်နင်ကို အရှေ့ထွက်ဖို့ စာပို့လိုက်တယ်။

ထျန်ယွမ်ကလာတဲ့လူတွေက ရေမြေလိုက်ပုံရတယ်၊ သူတို့အားလုံးမှာ မကောင်းတဲ့အကြံအစည် ကိုယ်စီကိုယ်ငှ ရှိနေကြပြီးသား၊ ဘေးကနေမီးစာထည့်လေ မီးတောက်ကပိုကြီးလေပဲ၊ ဒါကြောင့် တစ်ဖက်က ကျားအချင်းချင်း သတ်ဖြတ်နေတာကို ဇိမ်ပြေနပြေထိုင်ကြည့်ရင်း နောက်တစ်ဖက်က ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတဲ့ အချစ်နွံထဲမှာ နစ်နေတယ်။

၀မ်ရိပေါ်နဲ့ နေ့ရက်တိုင်းအတူရှိတဲ့အခါ ရှောင်းကျန့်ရဲ့အချစ်တွေက ရေတံခွန်က စီးကျနေတဲ့ရေလို တားဆီးမရဘဲ အလိုက်တသင့် စီးသွားတယ်၊ ပျော်ရွှင်မှုက ဘာနဲ့မှ တိုင်းတာပြလို့မရအောင် အံ့မခမ်း များပြားလွန်းတယ်၊ သစ်အခြောက်ကို မီးပုံထဲထည့်လိုက်သလို တစ်ဟုန်းဟုန်းတောက်နေတဲ့ ခံစားချက်တွေကြောင့် သိပ်များ လွန်ကြူးနေသလားဆိုပြီးတောင် တစ်ခါတလေ တွေးမိသေးတယ်။

ဒါတောင် ၀မ်ရိပေါ်ကို ၂ ရက်တိတိ အနားမကပ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနေဖို့ ရှောင်းကျန့်က တားမြစ်ထားတာ၊ အထင်ကရ ဟယ်ရှန်ကတော့ စောဒကမတက်ဘဲ ငြိမ်ဆိုငြိမ်၊ သွားဆိုသွား သူပြောတဲ့အတိုင်း လုပ်ပေးတယ်၊ တောင်ပေါ်က ဆုတောင်းပွဲကိစ္စတွေကလဲ လုပ်ရသေးတာကိုး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now