55

3.3K 427 96
                                    

အပိုင်း။ ၅၅

မှောင်မိုက်နေတဲ့ညမှာ အမွှေးအိုးဆီကရနံ့က လေထုထဲမှာ ဝေ့ကာဝိုက်ကာနဲ့ အငွေ့တလူလူတက်နေပြီး အခန်းရဲ့အစွန်အဖျားနေရာအထိ သင်းထုံနေတယ်။

ရှောင်းကျန့်က လက်မြှောက်လိုက်ပြီး ကုတင်တိုင်မှာချိတ်ထားတဲ့ ပိတ်ကျဲသား ကန့်လန့်ကာကို ဖြုတ်ချလိုက်တယ်၊ အလင်းအားနည်းတဲ့ မှောင်ရိပ်ထဲမှာ ရီဝေနေတဲ့ ပန်းနုရောင်မျက်နှာလေးကို မြင်နေတယ်၊ ရှောင်းကျန့်ရဲ့လက်ချောင်းတွေက နိမ့်ချည် မြင့်ချည်ဖြစ်နေတဲ့ ၀မ်ရိပေါ်ရဲ့ရင်ဘက်ပေါ်ကို တရွေ့ရွေ့တက်သွားခဲ့တယ်။

"ပန်ကုန်းက သက်သေပြရဲပေမဲ့ မင်းက တကယ်ကြည့်ရဲလို့လား?"

လေးတိလေးကန်နဲ့ စိန်ခေါ်သလို ပြောလိုက်ပုံက ပိုင်ရှင်ကိုချွဲနေတဲ့ ကပ်တီးကပ်ဖဲ့ ကြောင်လေးတစ်ကောင်လိုပဲ။

သူ့ရင်ဘက်ပေါ်မှာ ပြသနာဖန်တီးဖို့လုပ်နေတဲ့ လက်ချောင်းတွေကို ၀မ်ရိပေါ်က ငုံ့ကြည့်နေရင်း မျက်ဆန်တွေပေါ်မှာ အမှောင်ထုတစ်လွှာ ဖုံးလွှမ်းသွားတယ်၊ အဲဒီအမှောင်ထုထဲမှာ ခန့်မှန်းရခက်တဲ့ စိတ်ခံစားချက်တွေ ပျော်၀င်နေတယ်။

၀မ်ရိပေါ်က ရှောင်းကျန့်ရဲ့ပွနေတဲ့ဆံစတွေကို ဖွဖွပွတ်သပ်လိုက်ပြီး ဩရှရှလေသံနဲ့ ပြောလိုက်တယ်။

"ကြိုးစားကြည့်လေ"

ကြည့်ရဲလား၊ မကြည့်ဘူးလား သေချာသိရအောင် မင်းအရင် လုပ်ကြည့်လေ။

ရှောင်းကျန့်က ဒီအတိုင်း စနောက်လိုက်တာပါ၊ သူ့အရှေ့မှာရှိနေတဲ့ အမျိုးသားက ရှောင်းကျန့်အပေါ်မှာ ရိုင်းပြမိပါတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့တောင် ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးစိုက်လိုက်ဖို့ ဝန်မလေးခဲ့တဲ့လူလေ၊ အခုအခိုက်အတန့်လေးမှာတော့ အဝတ်အစားဖရိုဖရဲဖြစ်နေတဲ့ ရှောင်းကျန့်နဲ့ အိပ်ရာတစ်ခုတည်းမှာ အတူလှဲလျောင်းကာ ရှောင်းကျန့်ကို အပေါ်စီးကနေ ငုံ့မိုးကြည့်နေတယ်၊ အထက်စီးဆန်လွန်းတဲ့ မျက်လုံးတွေက လုပ်ကြည့်ပေါ့ဆိုပြီး စိန်ခေါ်နေကြသလို။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now