79

2.5K 445 86
                                    

အခန်း။ ၇၉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်း။ ၇၉

ကျင်းထဲမှာ ပိန်းပိတ်အောင် မှောင်နေတယ်၊ ကံကောင်းချင်တော့ ကျင်းအောက်ခြေမှာရှိနေတဲ့ ထောင်ချောက်တွေက မပြုမပြင်ဘဲ ထားခဲ့ပုံရတာမို့ ပျက်ဆီးနေပြီ၊ အန္တရာယ် ကြီးကြီးမားမား မဖြစ်ပေမဲ့ အမြင့်ကနေ ပြုတ်ကျတာမို့ မူးနောက်နောက် ဖြစ်နေတုန်းပဲ။

ဘေးမှာသတိလစ်နေတဲ့လူက လိုက်ခုန်ဆင်းလာတဲ့အထိ ယွီဝမ်ကျယ်ကို ကာပေးခဲ့သေးတယ်၊ ယွီဝမ်ကျယ် ခက်ခက်ခဲခဲထထိုင်လိုက်ပြီး လဲနေတဲ့ရှောင်းကျန့်ကို ထူးကာ ပခုံးပေါ်မှာ မှီခိုင်းထားတယ်၊ သတိလစ်နေသေးတဲ့ ရှောင်းကျန့်က ရွှံ့တုံးတစ်တုံးလိုပဲ ယွီဝမ်ကျယ်ပခုံးပေါ်မှာ ခေါင်းစိုက်နေတယ်၊ သူ့ခေါင်းကလေးလွန်းပြီး ယွီဝမ်ကျယ်ရဲ့ ဒဏ်ရာတည့်တည့်ကို ဖိနေတာ၊ ဒါပေမဲ့ ယွီဝမ်ကျယ် သည်းခံပြီး ငြိမ်နေတယ်။

ယွီဝမ်ကျယ် ပင့်သက်ရှိုက်လိုက်မိတယ်၊ ရှောင်းကျန့်က ဒီလောက်နုတာ၊ ဓားတစ်လက်ဆွဲပြီး လူအများကြီးနဲ့ ရင်ဆိုင်ဖို့ ဘယ်ကနေများ အားတွေထွက်လာသလဲ။

ခဏကြာတော့ ရှောင်းကျန့်နိုးလာတယ်၊ ဒါပေမဲ့ အပြည့်အ၀သတိမကပ်သေးဘဲ ပွစိပွစိ ရေရွတ်နေတယ်။

"ငါသေသွားပြီလား.. ဘာလို့မမြင်ရတော့တာလဲ?"

ယွီဝမ်ကျယ်က ငဲ့စောင်းကြည့်လိုက်ပြီး ရှောင်းကျန့်ရဲ့ မျက်ဝန်းထောင့်လေးကို လက်ချောင်းထိပ်နဲ့ သုတ်ပေးလိုက်တယ်။

"မင်းရဲ့ခေါင်းမှာ သွေးထွက်နေတယ်.. သွေးတွေကြောင့် ဝါးနေတာ"

"အို့"

ရှောင်းကျန့်က လက်ဆန့်ထုတ်ပြီး မျက်လုံးတွေကို သုတ်လိုက်တယ်၊ နှာတံချွန်ချွန်လေး အသာရှုံ့သွားပြီး ပြောလာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now