51

2.5K 427 50
                                    

အပိုင်း။ ၅၁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၅၁

ရှောင်းကျန့်မှာ နှလုံးသားကို လက်နဲ့ဖိချေခံရသလို ခံစားလိုက်ရတယ်၊ တော်ရုံတွေ့ရလေ့မရှိတဲ့ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အငွေ့တချို့ သူ့မျက်နှာပေါ်မှာ ပေါ်လာတယ်။

"ရက်..ရက်ပိုင်းလောက်ပဲ ရှိသေးတယ်.."

ဝမ်ရိပေါ်စကားသံက ရှေးဟောင်းရေတွင်းထဲက ရေလို တည်ငြိမ်တယ်။

"ရေထဲကို ပြုတ်ကျသွားတာကကော အရှင်မင်းသမီးရဲ့ အကြံအစည်ပဲလား?"

ရှောင်းကျန့် တကယ်ကို လန့်ဖျပ်သွားတယ်၊ ကျောက်စိမ်းကန်ကကိစ္စကို ဝမ်ရိပေါ် မြင်သွားလိမ့်မယ်လို့ သူမထင်ခဲ့ဘူးလေ။

အ..အကုန်မြင်သွားတာလား? ကျန်းချောင်နင်အရှေ့မှာ ဟန်ဆောင်ပြီး အယုံသွင်းနေခဲ့တုန်းကပုံစံကိုပါ မြင်သွားခဲ့တာလား?

ရှောင်းကျန့် လည်ချောင်းမှာ တစ်ဆို့သွားပြီး အဖြေပြန်မပေးနိုင်ဘဲ ဖြစ်သွားတယ်၊ ဒါပေမဲ့ သူ့ရဲ့တိတ်ဆိတ်မှုကို ဝမ်ရိပေါ်က အဓိပ္ပါယ်တစ်မျိုး ကောက်သွားခဲ့တယ်။

"မင်းသမီးက ကိုယ့်ခန္ဓာကိုယ်ရဲ့ လက်ရှိအခြေအနေကို တကယ်မသိတာလား?"

ဝမ်ရိပေါ်မျက်နှာက အနည်းငယ် ဖြူရော်နေတယ်၊ မျက်လုံးတွေထဲမှာ သိုဝှက်ထားတဲ့ နာကျင်မှုတချို့ မြင်နေရတယ်၊ လေသံက အေးစက်နေတုန်းပဲ။

"အရှင်မင်းသမီးကိုကိုယ်တော် နေ့တိုင်း သွေးတစ်ခွက်တိုက်ပြီး ကုပေးခဲ့တာ.. အရှင်မင်းသမီးရဲ့ မျက်လုံးထဲမှာ အဲဒါတွေက အပိုအလုပ်တွေလို့ ထင်နေခဲ့တာလား.. ဟုတ်သလား?"

ဒီစကားက ရှောင်းကျန့်ကို ဆွံ့အသွားစေဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်၊ ရှောင်းကျန့်က စွာလဲစွာသလို၊ စကားပြောရာမှာလဲ ကျွမ်းကျင်တဲ့သူပါ၊ ဒါပေမဲ့ အခုအခိုက်အတန့်လေးမှာတော့ ဝမ်ရိပေါ်ကို ဘယ်လိုတုံ့ပြန်ရမှန်း တကယ် မသိတော့ဘူး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now