Extra 4

3.8K 496 98
                                    

အချပ်ပို။ ၄

<<အကြောင်းမလှတဲ့ရွှေပိုးကောင်အဆိပ်>>

ဒီဟာလောက်လေးနဲ့ ခိုးရာလိုက်တယ်လို့ ပြောလို့ရပါ့မလား?

၀မ်ရိပေါ်က မျက်စိရှေ့မှာမြင်နေရတဲ့ ဆေးဥယျာဉ်ကိုကြည့်ရင်း မေးခွန်းထုတ်လာတယ်။

"ပြောလို့မရဘူးလား"

ရှောင်းကျန့်က တံခါးကိုတွန်းဖွင့်ဝင်လိုက်ရင်း ပြန်ပြောတယ်။

"လေကောင်းလေသန့်လဲရတယ်.. ဧကရာဇ်က နံနက်ခင်း ညီလာခံမတက်ဘဲ ထွက်ပြေးလာရင် ခိုးရာလိုက်တာနဲ့ အတူတူပဲပေါ့"

ဝမ်ရိပေါ်က မကျေမနပ်နဲ့ ရှောင်းကျန့်ပါးကို ညှစ်ပစ်ပြီး။

"မင်းကိုယ်တော့်ကို လူလည်ကျတာလို့ပဲ ထင်နေတယ်"

"လူတွေများနော် စိတ်ကောင်းစေတနာကို နားမလည်ကြဘူး.. ကျွန်တော်မျိုးက အရှင်တစ်ယောက်တည်း ကြိတ်ပုန်းစိတ်ကောက်နေရမှာစိုးရိမ်ပြီး ခိုးကြောင်ခိုးဝှက်သွားတွေ့နေတဲ့ယောကျ်ားနဲ့ ပေးတွေ့မလို့ ခေါ်လာတာ"

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ခြံအကျယ်ကြီးထဲက ဥယျာဉ်ငယ်လေးတစ်ခုထဲ ဆွဲခေါ်လာတယ်။

ဒါက သူ့နောက်ကိုလူလွှတ်ပြီးချောင်းခိုင်းတဲ့ကိစ္စကို ရှောင်းကျန့် ပြောချင်တာမှန်း ၀မ်ရိပေါ်သိတယ်၊ ကိုယ့်အမှားကိုသိနေတာမို့ ၀မ်ရိပေါ်မှာ ပြန်မပြောရဲဘဲ ပါးစပ်လေးပိတ်နေရတယ်။

ဒီခြံက ချီလင်တောင်ခြေက ချောင်ကျကျနေရာမှာရှိတာ၊ ပြောရရင် နန်းတော်ရဲ့မြေဧရိယာအတွင်းမှာပဲရှိတဲ့ ဆေးစိုက်ခင်းခြံပါ၊ မိုးရွာပြီးခါစမို့ လေထုထဲမှာ စိုစွတ်နေတဲ့ မြေသင်းနံ့နဲ့အတူ ဆေးပင်ဆေးရွက်ရဲ့ စိမ်းမြမြရနံ့က ရောထွေးနေရာယူတယ်။

ဆေးခြံလေးက သိပ်မကျယ်လှပေမဲ့ သေချာထိန်းသိမ်းထားတာမို့ စိုစိုပြေပြေရှိတယ်၊ ဆေးခြံရဲ့အလယ်မှာတော့ အိမ်တစ်လုံးရှိတယ်၊ အိမ်ရှေ့လေသာဆောင်မှာ ဝါးရင်းလိပ်တွေကို အပေါ်တင်ထာတယ်၊ ခုံပေါ်က အခါးရည်က အငွေ့တထောင်းထောင်း ထနေဆဲပဲ၊ အဲဒီခုံမှာ လူသုံးယောက်ဝိုင်းပြီး ထိုင်နေကြတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now