24

3.1K 458 42
                                    

အပိုင်း။ ၂၄

"ဘာလို့ ထွက်မသွားချင်ရတာလဲ?"

ရှောင်းကျန့်က သူ့ကိုယ်ပေါ်မှာ မှီတွယ်နေတဲ့လူကို ချော့ချော့မော့မော့ မေးတယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်ပခုံးကို နဖူးနဲ့ပွတ်သပ်နေရင်း ပြန်ဖြေလာတယ်။

"အပြင်ဘက်က ဆူလွန်း___ အာ့!"

စကားဆုံးအောင် မပြောရသေးခင်မှာပဲ ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်က ရုတ်ချည်း တုန်ယင်လာတယ်၊ နောက်တော့ ရင်ဘက်ကို လက်နဲ့ကာထားရင်း မြေကြီးပေါ်ကို ငုတ်တုတ်ထိုင်ချလိုက်တယ်၊ သူ့ပုံစံက သည်းမခံနိုင်လောက်အောင် နာကျင်နေရတဲ့ပုံ။

ရှောင်းကျန့် ထိတ်လန့်သွားပြီး။

"ဝမ်ရိပေါ် ဘာဖြစ်လို့လဲ!"

ဝမ်ရိပေါ်က သူ့ကို မဖြေမပေးနိုင်ဘူး၊ ရင်ဘက်ကိုဖိထားတဲ့လက်က အားထည့်ကိုင်ထားရလို့ ဖြူဖွေးနေပြီး၊ မျက်နှာအသွေးအရောင်က ချက်ချင်း ဖျော့တော့သွားတယ်၊ မျက်ခုံးတန်းတွေက အလယ်မှာသွားစုနေတဲ့အပြင် နဖူးမှာ ချွေးစေးတွေကန်ထွက်လာတယ်။

ရှောင်းကျန့် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လာတယ်၊ အကြောင်းအရင်း မသိရဘဲ နာကျင်ခံစားနေရတာကိုပဲ ကြည့်နေရတယ်၊ ဝမ်ရိပေါ်က အသက်ကို အငမ်းမရရှူရင်း ညည်းညူကာ မြေကြီးပေါ် ကွေးကွေးလေး လဲကျသွားတယ်၊ ရှောင်းကျန့် အမြန်ထိန်းထားပေးဖို့ လုပ်တယ်၊ ဝမ်ရိပေါ်ရဲ့အသားတွေက ရေနွေးပူနဲ့ အလောင်းခံထားရသလို ပူလောင်နေတာကို တွေ့လိုက်ရတယ်။

ဘာတွေဖြစ်နေတာများလဲ?

ရှောင်းကျန့်က စာကြိုးစားတဲ့ကျောင်းသား မဟုတ်လို့ အဆိပ်မဖြေတတ်ပေမဲ့ ဆရာသခင်ဆီက အချစ်ပိုးကောင်အဆိပ်အကြောင်းကို တီးမိခေါက်မိရုံတော့ ကြားဖူးခဲ့ပါသေးတယ်၊ သူကအဆင့်နိမ့်ပိုးကောင်မို့ အဆိပ်က ခန္ဓာကိုယ်ထဲမှာ အကြာကြီး နေနိုင်လေ့မရှိဘူး၊ နောက်ပြီး အသက်အန္တရာယ် မဖြစ်တတ်ကြပါဘူး။

ဝမ်ရိပေါ်ကျမှ ဘာလို့ သေခါနီးလူလို နာကျင်ခံစားနေရတာလဲ၊ ရှောင်းကျန့်မှာ စိတ်ပူပန်ပြီး ခြေဖျားလက်ဖျားတွေပါ အေးလာတယ်၊ သူက ဝမ်ရိပေါ်ကို ပခုံးပေါ်မှီခိုင်းထားရင်း တိုးတိုးဆိုတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now