71

2.5K 466 97
                                    

အပိုင်း။ ၇၁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၇၁

အမှောင်ရိပ်ထဲမှာရပ်နေရင်း နှစ်ပေါင်းများစွာ ကြာအောင် မထွန်းခဲ့တဲ့ကောင်းကင်မီးပုံး သူ့ကြောင့် လင်းနေတာကို ယွီဝမ်ကျယ် ကြည့်နေခဲ့တယ်။

မီးပုံးက အနီရဲရဲပိုးသားနဲ့ လုပ်ထားတာမို့ သူ့ကထွက်လာတဲ့ အလင်းရောင်က နေတစ်စင်းလိုပဲ တောက်ပနေတယ်၊ အဲဒါကပဲ ဒီလိုညစ်ညမ်းနေတဲ့မိစ္ဆာဘုံကို ပိုပြီးမကောင်းဆိုးဝါးဆန်စွာ ဆွဲဆောင်မှု ရှိသွားစေတာ။

အမှောင်ထဲမှာ အတူတူရပ်နေတဲ့ အားကျင်းက သူ့နားကပ်ပြီး တိုးတိုးပြောတယ်။

"အဲလောက်များတဲ့‌ငွေပမာဏကို မင်းသား ၁ ဆီ ပေးလိုက်တော့မလို့လား အရှင့်သား?"

ဒီနေ့ထွန်းလိုက်တဲ့ကောင်းကင်မီးပုံးက တော်ရုံမဟုတ်ဘူး၊ ဒီလောက်ပမာဏဆို မြို့နှစ်မြို့အတွက် တစ်နှစ်စာ စားနပ်ရိက္ခာ လုံလုံလောက်လောက် ဝယ်ပေးလို့ရတယ်။

ဒါပေမဲ့ ယွီဝမ်ကျယ်က အပြုံးမပျက်ဘဲ။

"ဒါပေါ့ နှစ်သစ်ကူးတော့မှာဆိုတော့ အစ်ကိုတော်ကို ဟုန်ပေါင်း ပေးရမယ်လေ"

အားကျင်းက ပြုံးလိုက်ပြီး။

"ဒီနှစ်အတွက် အရှင့်သားရဲ့ ဟုန်ပေါင်းက အတော်ထူပါတယ်"

"ဒီလောက်မှ မရက်ရောပြရင်း အစ်ကိုတော်က ကိုယ်တော့်ရဲ့စိတ်ရင်းအမှန်ကို ဘယ်မြင်ပါ့မလဲ"

အဲဒီနောက်တော့ အားကျင်းက ထပ်မေးတယ်။

"ဒါဆိုအခု အရှင့်သားကအရှေ့နန်းဆောင် ပြန်မှာလား.. ဒါမှမဟုတ်.."

အားကျင်းရဲ့အဓိပ္ပါယ်တချို့ပါနေတဲ့စကားကို ကြားတော့ ယွီဝမ်ကျယ်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now