69

2.4K 411 59
                                    

ချူရှောင်းလူမျိုး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချူရှောင်းလူမျိုး

ကျောက်စိမ်း စာမှတ်/ စာမှတ်တံ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျောက်စိမ်း စာမှတ်/ စာမှတ်တံ

......

အပိုင်း။ ၆၉

ချူရှောင်းရဲ့ဆောင်းရာသီက ရှည်လျားတယ်၊ အဆုံးမရှိကျယ်ပြောတဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ နှင်းတွေက နေရာယူထားတယ်၊ သစ်ပင်ကိုင်းတွေမှာ ရေခဲတွေက ပန်းဆွဲတွေလို တွဲလောင်းကျနေတယ်၊ ဒီမြင်ကွင်းက မင်ကျောက်ရဲ့ ဆောင်းရာသီနဲ့ ကွာခြားတယ်။

ရှောင်းကျန့်မှာ ဒီလိုလှပတဲ့ မြင်ကွင်းကို ဇိမ်ခံပြီး ကြည့်ရှူခံစား မနေနိုင်ပါဘူး၊ ရာသီဥတုက ရှောင်းကျန့်အတွက် ကြမ်းလွန်းတာမို့ အပြင်နည်းနည်းလေးတောင် မထွက်ချင်ဘူး၊ တစ်နေ့ကုန်တစ်နေခမ်း အခန်းထဲပဲ အောင်းပြီး မီးသွေးမီးဖိုနားမှာ စောင်ထူထူနဲ့ ကွေးနေချင်တယ်။

ဒါပေမဲ့ ကျင်မော့မော့က ရှောင်းကျန့် ခဏတိုင်း လာခေါ်တယ်၊ နန်းတွင်းက ပစ္စည်းတွေ ပို့လိုက်တာမို့ ဘယ်လို စီစဉ်ထားပေးရမလဲဆိုပြီး ရှောင်းကျန့်ကို လာလာမေးတာ။

ပို့လိုက်တာက မင်္ဂလာပွဲမှာသုံးရမဲ့ အဆင်တန်ဆာတွေပဲ နေမှာပေါ့၊ ဒါကြောင့် စိတ်မဝင်စားဘူး၊ ထ ကြည့်ရမှာတောင် ပျင်းတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now