6

2.9K 476 21
                                    

အပိုင်း။ ၆

ရှောင်းကျန့်ဘဝမှာ ချောပေ့လှပေ့ ဆိုတဲ့လူ အမြောက်အများ တွေ့ခဲ့ဖူးတယ်၊ သူ့အိမ်တော်မှာဆိုရင် မိန်းမပျိုလေးတွေထက်လှတဲ့ ယောက်ျားတွေတောင် ရှိသေးတယ်၊ သိမ်သိမ်မွေ့မွေ့နဲ့ ချောမောတဲ့သူ၊ မိန်းကလေးဆန်ဆန် ကျက်သရေရှိစွာ လှတဲ့သူ၊ လေပြေညင်းလို ညင်သာတဲ့လူ၊ သူရဲကောင်းစစ်သည်လို ခံ့ညားပြီး ဆွဲဆောင်မှုရှိတဲ့သူ၊ စုံလို့ပဲ။

ဒါပေမဲ့ ဝမ်ရိပေါ်လိုမျိုးတော့ တစ်ခါလေးတောင် မတွေ့ခဲ့ဖူးဘူး။

၀မ်ရိပေါ်က တမင်လုပ်ယူထားတဲ့ ခပ်တန်းတန်း ပုံစံမျိုး မဟုတ်ဘဲ၊ ဟိုးအဝေးက ရေခဲတောင်လို အလှမ်းကွာလွန်းပြီး သန့်စင်တဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့လူမျိုး၊ ဆန်စက္ကူပေါ်မှာ ပြန့်လွင့်သွားတဲ့ မင်တစ်စက်လို ဖမ်းဆုပ်မရနိုင်တဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့လူမျိုး။

ဖောက်ထွင်း မြင်နိုင်လောက်အောင် ကြည်လင်သန့်စင်နေပေမဲ့ ဝမ်ရိပေါ်က လက်ဆုပ်လက်ကိုင် ပြလို့မရဘူး၊ ငြိမ်းအေး သန့်စင်လွန်းတဲ့အတွက် ဒီလိုလူမျိုးက ကျင့်ကြံရေးလောကမှာ နေထိုင်ဖို့ အသင့်တော်ဆုံးပဲလို့ ရှောင်းကျန့် ခံစားမိတယ်၊ ပြိုင်ဖက်ကင်းတဲ့ဗုဒ္ဓဆိုတာက အဲလိုမျိုးပဲ မဟုတ်လား၊ ကရုဏာတော်နဲ့ ကမ္ဘာလောကကြီး တစ်ခုလုံးကို ဆွဲဆောင်ထားတာ။

အခုချိန်မှာတော့ ဒီလို သန့်စင်မြင့်မြတ်တဲ့လူရဲ့ မျက်လုံးတွေက သွေးရောင်လွှမ်းကာ ရဲရဲနီပြီး မျက်စိသူငယ်အိမ်က ကြက်သီးထစရာ ကောင်းလောက်အောင် မည်းမှောင်နေတယ်၊ ပုံမှန်အားဖြင့် အေးချမ်းတည်ငြိမ်နေလေ့ရှိတဲ့ မျက်နှာပေါ်မှာ သိက္ခာတော်ရ ဟယ်ရှန်တစ်ယောက်မှာ ရှိမနေသင့်တဲ့ ရိုင်းစိုင်းပူလောင်တဲ့ အကြည့်စူးစူးတွေ ထင်ဟပ်လာတယ်၊ ထောင်ခြောက်ထဲမှာ ပိတ်မိနေတဲ့သားရဲလို ရန်စွယ်ငေါငေါနဲ့ လွတ်မြောက်ဖို့ မဆုတ်မနစ် ရုန်းကန်နေတယ်။

ရှောင်းကျန့်က ဂရုတစိုက်နဲ့ လှုပ်ရှားဖို့ လုပ်တယ်။

"မင်းကို ကူပြီး ဖြုတ်ပေးမယ်"

ဝမ်ရိပေါ်က မျက်မှောင်ကြုတ် ကြည့်လာပြီး အော်ထုတ်တယ်။

"မင်းထွက်သွား!"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now