25

2.3K 388 10
                                    

အပိုင်း။ ၂၅

"ဒီကောလဟလက အမှန်ဟုတ်သလား မဟုတ်ဘူးလား ဆိုတာတောင် မင်းကမသိဘူးလား?"

ရှောင်းကျန့်‌လေသံမှာ အပြစ်တင်ခြင်း အရိပ်အမြွက်တချို့ ပါနေတယ်၊ သူက တည်ငြိမ်စွာ ပြုံးနေရင်း ရှန့်ကွမ်မော့ပေကို ပြန်ကြည့်နေတယ်။

သူရဲ့နှုတ်ခမ်းတွေက ဖျော့တော့နေတုန်းပဲ၊ ပြုံးလိုက်တဲ့အခါမှာ‌တော့ နွေဦးရဲ့မိုးစက် မိုးပေါက်လေးတွေကြောင့် စိုစွတ်သွားတဲ့ မက်မွန်ပွင့်ဖတ်လေးတွေနဲ့ တူသွားတယ်၊ ရှောင်းကျန့်က ဆက်ပြောတယ်။

"ကျို့လီမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့မင်းက ရိုးရာဓလေ့အရ မြင့်မြတ်တဲ့ သူတော်စင် အမျိုးသမီးရဲ့ အစောင့်အရှောက်အောက်မှာ နေထိုင်ရတယ် .. ဒါကြောင့် စကားကို လက်လွတ်စပယ် မပြောရဘူး.. နောက်တစ်ခုက အဆိပ်သုံးပြီး သွေးဆောင်တာ ဒုက္ခပေးတာမျိုးတွေ မလုပ်ရဘူး.. ဒါကမျိုးနွယ်ဝင်တိုင်းကျိန်းသေပေါက်လိုက်နာရမဲ့ စည်းကမ်းပဲ.. ဒါကိုမသိပါဘူးလို့ မင်းမပြောနဲ့"

စူးစမ်းနေခဲ့တဲ့ ရှန့်ကွမ်မော့ပေရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ခြေလှမ်းတစ်ဝက်လောက် အနောက်ဆုတ်သွားတယ်၊ ကလေးဆန်တဲ့လူငယ်လေးရဲ့ မျက်နှာပေါ်က သရော်တော်တော်အပြုံးတွေ ကွယ်ပျောက်ကုန်ပြီး မယုံကြည်နိုင်ခြင်းတွေသာ စိုးမိုးနေရာယူလာတယ်။

သူတို့နှစ်ယောက်ရဲ့ အနေအထားက ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။

ရှန့်ကွမ်မော့ပေက တုန်တုန်ယင်ယင်နဲ့ မေးခွန်းထုတ်လာတယ်။

"ဒါ..ဒါကို မင်းဘယ်လိုသိ.."

ရှန့်ကွမ်မော့ပေက ပြောနေရင်း ရပ်သွားပြီး။

"မဟုတ်ဘူး..အစကတည်းက သိနေခဲ့တာလို့ ပြောရင် ပိုမှန်မယ်ထင်တယ်.. ကျုပ်ပြောတာဟုတ်တယ်မလား?"

ရှောင်းကျန့်က မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကို ဖင်ပြန်ခေါင်းပြန် ကြည့်လိုက်ပြီး သရော်တော်တော် ပြုံးပြန်တယ်။

"ဒါပေါ့..မင်းကိုယ်မင်း ဧကရာဇ်သမီးတော်ရဲ့ မျက်နှာသာ အပေးခံရဆုံး အချစ်တော် ဖြစ်လာဖို့ ထိုက်တန်တယ်လို့ တကယ်ကြီး ထင်နေတာလား"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now