Extra 3

2.6K 429 120
                                    

အချပ်ပို။ ၃

၀မ်ရိပေါ် တစ်ခုခုမှားနေတာ သေချာတယ်။

ရှောင်းကျန့်က လူကဲခတ်တော်တဲ့သူ၊ ဧကရာဇ်မင်းမြတ်ရဲ့ စိတ်က ဘယ်လောက်ပဲ အသူတစ်ရာချောက်လောက် နက်ရှိုင်းပြီး ခန့်မှန်းရခက်တယ် ဆိုနေပါစေ၊ ဝမ်ရိပေါ်က သူချစ်ရတဲ့သူပဲ၊ အခုတလော ဝမ်ရိပေါ်မှာ ကိစ္စတစ်ခုခု ရှိနေတာကို ရှောင်းကျန့် အသေအချာကို အာရုံခံလို့ရနေတယ်။

ပထမတစ်ခါက လေ့ကျင့်ရေးကွင်းကကိစ္စ။

မုလီနဲ့ပတ်သတ်ပြီး သဝန်တိုတွေတိုပြီး ဝမ်ရိပေါ်ပညာတွေ ပြခဲ့တာကို ရှောင်းကျန့်နားလည်တယ်၊ အဲဒါကို အခွင့်အရေးယူပြီး သူတို့နှစ်ယောက် ကောင်းကောင်းပျော်ခဲ့ရလို့ မုလီကိုတောင် မျက်နှာပူနေတာ၊ အဲဒီကိစ္စက အပျော်ပဲလို့ မှတ်လိုက်လို့ရတယ်။

ဒါပေမဲ့ ဝမ်ရိပေါ်ကတော့ အဲဒါနဲ့တင်မပြီးသွားခဲ့ဘူး၊ နောက်ဆုံးစာမေးပွဲစစ်တဲ့နေ့မှာ ကိုယ်တိုင်ကွင်းထဲဆင်းပြီး ဝင်ပြိုင်တဲ့ကျောင်းသားလေးတွေကို တစ်ယောက်ချင်းယှဉ်ပြီး အနိုင်ယူပြတယ်၊ နောက်ဆုံးမှာ ကိုယ်တိုင်ကိုယ်ကျ အမှတ်ပေးဆုံးဖြတ်တယ်ဆိုပြီး တခြားအိမ်တော်က သခင်ငယ်လေးတစ်ယောက်ကို ပထမဆုပေးလိုက်တယ်။

အဲဒီကျောင်းသားလေးကလဲ သိုင်းပညာတော်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ မုလီက စစ်စခန်းထဲမှာ ကြီးပြင်းလာခဲ့တဲ့ကလေးမို့ စစ်ရေးပညာနဲ့ပတ်သက်ရင် ပိုပြီးအမြင်ရှိတယ်လို့ ရှောင်းကျန့်ကယူဆတာ၊ နောက်ပြီး သူတို့က သာမန် စစ်သူကြီးတစ်ယောက် မွေးထုတ်မှာမဟုတ်ဘူးလေ၊ ပေမင်ရဲ့ အနာဂတ်စစ်သူကြီးကို မွေးထုတ်ချင်တာ မဟုတ်ဘူးလား။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ရိပေါ်နဲ့ရှောင်းကျန့် စကားများကြတယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်က အလျှော့မပေးဘူး၊ မုလီက ငယ်သေးတယ် သေချာမပျိုးထောင်ပေးရင် နောက်ကျရင် အသုံးမဝင်တာမျိုး ဖြစ်လိမ့်မယ်ဆိုပြီး အကြောင်းပြတယ်၊ ရင်းနှီတဲ့ကလေးလဲ ဖြစ်နေပြန်တော့ ကိုယ့်ဘက်က စကားကျွံသွားမှာစိုးပြီး နောက်ဆုံးမှာ ရှောင်းကျန့်ကပဲ လက်လျှော့လိုက်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now