Extra 2

2.8K 424 97
                                    

အချပ်ပို။ ၂

ဧကရာဇ်ရဲ့အိပ်ဆောင်

ဝမ်ရိပေါ်ရဲ့ ညာလက်က အနီရောင်မှင်တံကို ကိုင်ထားပြီး တစ်ခုခုကို အာရုံစိုက်ပြီး ရေးနေတယ်၊ ဘယ်လက်ကတော့ ပျော့ပြောင်းအိညက်တဲ့ ထိုင်ဖုံကူရှင်ပေါ် တင်ပေးထားတယ်၊ တော်ဝင်သမားတော်က အောက်မှာဒူးထောက်ထိုင်ပြီး သွေးကြောစမ်းပေးနေတယ်၊ တော်ဝင်သမားတော်ရဲ့မျက်နှာက သိပ်မကောင်းလှဘူး၊ ပြီးသွားတော့ လျှောက်တင်ရမှာ တွန့်ဆုတ်နေဟန်နဲ့ ဧကရာဇ်ကိုမော့ကြည့်လာတယ်။

ဝမ်ရိပေါ်က စာရေးနေတာကို မရပ်လိုက်ဘဲ ခပ်အေးအေးပြောတယ်။

"တွေ့တဲ့အတိုင်း အမှန်တိုင်းလျှောက်တင်"

တော်ဝင်သမားတော်က ပင့်သက်တစ်ချက် ခိုးရှိုက်လိုက်ပြီး။

"လျှောက်တင်ရမှာစိုးရွံ့ပေမဲ့ ကျန်းမာရေး အခြေအနေက အရင်လကထက် ဆိုးလာကြောင်းပါ.. အရှင့်ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေထက် အဆပေါင်းများစွာမြန်တဲ့နှုန်းနဲ့ အိုမင်းပျက်ဆီးနေတာပါ.. ပြင်ပရုပ်သွင်က သိသိသာသာ မဟုတ်ပေမဲ့ အတွင်းင်္အဂါတွေကတော့ အတော်လေးပျက်ဆီးနေကြောင်းပါ"

စိတ်ဆန္ဒမဲ့ကျင့်စဉ်ကို ဖျက်ဆီးလိုက်ခြင်းရဲ့ အကျိုးဆက်ကြောင့် သေသွားတဲ့လူတွေကို ဝမ်ရိပေါ် မတွေ့ဖူးခဲ့တာမှ မဟုတ်တာ၊ ဒါကအံ့သြစရာမဟုတ်ဘူး၊ ဝမ်ရိပေါ်က ခေါင်းအသာညိတ်လိုက်ပြီး။

"ဘယ်လောက်ကျန်အုံးမလဲ?"

ဒီလိုခေါင်းပြတ်သွားနိုင်တဲ့ကိစ္စမျိုးကို တော်ဝင်သမားတော်က ဘယ်လိုလုပ်ပြီး ထုတ်ပြောရဲပါ့မလဲ၊ ဒါကြောင့် နဖူးကချွေးစက်တွေ ကြမ်းပေါ်ကျသွားတဲ့အချိန်ထိ အသံမထွက်ရဲဘဲ ငြိမ်နေတယ်၊ အဲဒီတော့မှသာ ချောမောလွန်းတဲ့ ဧကရာဇ်ရဲ့မျက်နှာတော်က အပေါ်ကိုမော့လာပြီး တော်ဝင်သမားတော်ကို အေးစက်စွာ စိုက်ကြည့်လာခဲ့တယ်။

ငယ်ရွယ်လွန်းတဲ့ ဧကရာဇ်က သူ့သားအရွယ်လောက်ပဲရှိသေးတာ၊ ဒါပေမဲ့ နန်းတွင်းသမားတော်ချုပ်ကြီးမှာ မော်မကြည့်ရဲဘူး၊ ခေါင်းငုံ့ထားရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now