4

3.3K 495 65
                                    

အပိုင်း။ ၄

"ဘာကိုကြည့်ပြီးပြောတာလဲ"

အလင်းအားနည်းလာပြီဖြစ်တဲ့ ညနေစောင်းအချိန်မှာ ရှောင်းကျန့်အသံက တိုးလျစွာ ထွက်ပေါ်လာတယ်၊ ပုဝမ်က အရှင့်ကို အင်္ကျီလဲပေးဖို့အတွက် လက်ဆန့်ထုတ်လိုက်တယ်။

မနက်ဖြန်မှာ တရားသဘင်ကျင်းပဖို့ ရှိနေတဲ့အတွက် တော်ဝင်မျိုးနွယ်တွေနဲ့ မူးမတ်အရာရှိတွေ နန်းတော်မှာ စုရုံးရောက်ရှိနေကြတယ်၊ စားပွဲသောက်ပွဲကိုတော့ ဒီနေ့ညနေမှာ ကျင်းပလိမ့်မယ်။

တစ်ဒါဇင်ကျော်လောက်ရှိနေတဲ့ ကျားခေါင်းရွှေလင်ဗန်းတွေထဲမှာ ဧကရာဇ်မင်းမြတ်သာ အသုံးပြုခွင့်ရှိတဲ့ နဂါးကိုးကောင် တိမ်ပေါ်ပျံနေတဲ့ပုံ ရွှေချည်ထိုးထားတဲ့ အပေါ်ရုံအပြင် လရောင်ခြယ် ဘရိုကိတ်ပိုးထည်တွေနဲ့ ရတနာအဆင်တန်ဆာတွေ အပြည့်ထည့်ထားတယ်၊ ကျောက်စိမ်းစီခြယ် ရွှေခါးပတ်နဲ့ အလှဆင်ကျောက်စိမ်း အဆင်တန်ဆာတွေလဲ မကျန်စေရဘူး၊ ဒါတွေအကုန်သာ ဝတ်ထားရင် လွန်လွန်ကဲကဲ တောက်ပနေတဲ့ အဆင်းသဏ္ဍာန်ကို ဟိုးအဝေးကနေပါ မြင်နိုင်လိမ့်မယ်။

ပုဝမ်က ရှောင်းကျန့်၀တ်ထားတဲ့ တိမ်လွှာပုံရိပ် ခါးပတ်ကို ဖြုတ်ပေးပြီးတာနဲ့ အနောက်ကို ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်တယ်။

"ဒီငယ်သား သူ့ဒဏ်ရာကို ကုသပေးရတုန်းက အပေါ်ရုံကို ချွတ်ကြည့်ခဲ့ရတယ်.. အဲဒီမှာ ခါးအောက်ပိုင်းမှာ စည်းနှောင်ထားတဲ့ တစ်စုံတရာကိုပါ မြင်ခဲ့ရလို့ပါ အရှင်"

ခါးအောက်ပိုင်း? စည်းထားတဲ့ဟာ?

ရေထဲရောက်နေတုန်းက အဲဒီဟယ်ရှန်ပေါင်ကြားက ဖျင်သားအဝတ်ပါးအောက်မှာ ပစ္စည်းမာမာကြီး တစ်ခုရှိနေတာကို သူလဲ သတိထားမိခဲ့တယ် မဟုတ်လား၊ ဒီအကြောင်းကို ရုတ်ချည်း ပြန်သတိရသွားတော့ ရှောင်းကျန့်မှာ တံတွေးသီးကာ ချောင်းတဟွတ်ဟွတ် ဖြစ်သွားတာ နားရွက်တွေ နီတက်လာတဲ့အထိပဲ။

ပုဝမ်က စိတ်ပူသွားဟန်နဲ့ ရှောင်းကျန့်ရဲ့ကျောကို အလျင်အမြန် သပ်ချပေးတယ်။

"အရှင် !"

ရှောင်းကျန့်က လက်ဝှေ့ယမ်းကာ တားလိုက်ပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now