39

2.4K 443 37
                                    

အပိုင်း။ ၃၉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၃၉

ဝမ်ရိပေါ်နဲ့ အာ့မြောင် သဘောတူညီချက်တွေ အသီးသီး ရပြီးတဲ့နောက်မှာတော့ ရှောင်းကျန့်ဆီ ပြန်လာကြတယ်။

ရှောင်းကျန့်က သူ့ကိုယ်သူ ရုတ်တရက်ကြီး အရွယ်ရောက် ကြီးပြင်းသွားတာကို လက်ခံလိုက်တယ်ဆိုပေမဲ့ စိတ်ကတော့ ၆ နှစ်အရွယ်မှာပဲ ရှိနေတုန်းပါ၊ ဒါကြောင့် ဝမ်ရိပေါ်နဲ့ အာ့မြောင် အခန်းထဲ ပြန်ဝင်လာတော့ ရှောင်းကျန့်နဲ့ ရှန့်ကွမ်မော့ပေက ကြမ်းပေါ်မှာရောက်နေပြီး တစ်ယောက်လည်ပင်းကိုတစ်ယောက် အလျှော့မပေးတမ်း ခြေထောက်နဲ့ ညှပ်ထားကြတဲ့မြင်ကွင်းနဲ့ တည့်တည့်တိုးသွားတယ်။

"အတင့်ရဲလိုက်တာ.. ငါ့ကိုများ မရိုမသေလုပ်ရဲတယ်ပေါ့လေ.. နင့်ရဲ့ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်လုံးကို ခွေးခေါင်းဓားစက်နဲ့ သေဒဏ်ပေးပစ်မယ်!"

ရှောင်းကျန့်က အော်တော့ နဂိုကတည်းက ကလေးဆန်တဲ့ ရှန့်ကွမ်မော့ပေကလဲ သူ့အသံကို ကျော်အောင် ပြန်အော်ပြောတယ်။

"ကျုပ်တစ်ယောက်ပဲ ကျန်တာ တစ်မျိုးလုံး အကုန်သေကုန်ပြီ .. ဆွေမျိုးခုနှစ်ဆက် သတ်လဲ ကြောက်မယ်များ ထင်နေလား!"

သူတို့နှစ်ယောက်က ဒီလောက်ကြီးအထိ ရန်မဖြစ်ဖူးပါဘူး၊ ရှန့်ကွမ်မော့ပေက အမြဲတမ်း ရိုက်ချင်စရာကောင်းအောင်‌ ပြောနေကျဆိုပေမဲ့ ရှောင်းကျန့်ကို သူဘာပြောပြော ခေါင်းထဲထည့်တာ မဟုတ်ဘူး၊ ရှန့်ကွမ်မော့ပေ သွားဖြဲပြ၊ လက်သည်း ထုတ်ပြတာမျိုးကို မျောက်ပွဲကြည့်သလို ခပ်အေးအေးပဲ ကြည့်နေခဲ့တာ။

အခုရှောင်းကျန့်က ကလေးမှတ်ဉာဏ်နဲ့နေတာဆိုတော့ စိတ်ဆိုးလာရင် ခြေထောက်နဲ့ကန်တာမျိုး လက်နဲ့ရိုက်တာမျိုးတွေနဲ့ စိတ်ထဲရှိသလို တုံ့ပြန်တော့တာ၊ ဝမ်ရိပေါ်ဝင်ဆွဲပြီး ခွာခိုင်းတဲ့အထိ ခြေထောက်တွေ လက်သီးတွေက မိုးပေါ်ပျံလို့ ကောင်းနေတုန်း။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now