59

2.2K 414 97
                                    

အပိုင်း။ ၅၉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၅၉

ကြီးကျယ်ခမ်းနားတဲ့ ထီးမြေနန်းမြေက အေးစက်လွန်းတဲ့အတွက် ရှောင်းကျန့်မှာ မေးချင်းရိုက်ပြီး ခိုက်ခိုက်တုန်လာတယ်၊ ရန်ဖေးနောက်ဆုံးပြောလိုက်တဲ့စကားနဲ့ စိတ္တဇဆန်လွန်းတဲ့ပုံစံကြောင့် ရှောင်းကျန့်ရင်ထဲမှာ ထုတ်ရှင်းပြဖို့ခက်ခဲတဲ့ မသက်မသာဖြစ်မှုတွေနဲ့ ပြည့်နှက်သွားပြီး သူ့နှလုံးသားကို မမြင်ရတဲ့တစ္ဆေလက်တွေက ဖျစ်ညှစ်နေသလို ခံစားရတယ်။

ဒီည လမသာတဲ့အပြင် လေကလဲ ကြမ်းသေးတယ်၊ နန်းတော်ရဲ့စင်္ကြံလမ်းတလျှောက်မှာ ထွန်းထားတဲ့ မီးပုံတွေက လေကြမ်းနဲ့အတူ လူးလွန့်နေတဲ့အခါ တိတ်ဆိတ်နေတဲ့ ညအမှောင်ထဲမှာ ထူးဆန်းတဲ့ တကျွီကျွီအသံတွေ မြည်နေတယ်၊ ကြက်သီးထစရာ ငှက်ဆိုးထိုးသံတချို့လဲ ထွက်ပေါ်လာတတ်တယ်။

ခြေဖျားလက်ဖျားတွေ အေးစက်လာတာမို့ ရှောင်းကျန့်က ခြေလှမ်းတွေကို ပိုသွက်သွက် လှမ်းတယ်၊ သူ့ကို ပွေ့ဖက်ထားပေးမဲ့သူ အရေးတကြီး လိုအပ်နေတယ်၊ အရိုးထိအောင် အေးစိမ့်သွားစေတဲ့အကြောက်တရားက စန္ဒကူးနံ့သာရနံ့ ရမှပဲ ပြေပျောက်လိမ့်မယ်လို့ သူထင်နေမိတယ်။

ရုတ်ချည်းဆိုသလိုပဲ အမှောင်ထဲကနေ လူတစ်ယောက်ခုန်ထွက်လာပြီး ရှောင်းကျန့် အရှေ့တည့်တည့်မှာ ဒူးထောက်ချလိုက်တယ်။

လန့်သွားပေမဲ့ သေချာအာရုံစိုက်ကြည့်လိုက်ချိန်မှာတော့ ဘယ်သူမှန်း ရှောင်းကျန့် သိသွားတယ်၊ ဒူးထောက်နေတဲ့အမျိုးသမီးက အပြာရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်တွေကို သေသပ်စွာ ထုံးဖွဲ့ထားတယ်၊ မျက်နှာက တည်ငြိမ်ပြီး အကြောက်တရားကင်းမဲ့တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now