62

2K 396 127
                                    

အပိုင်း။ ၆၂

မင်ကျောက်အတွက် ပြီးခဲ့တဲ့နှစ်က မအေးချမ်းဘူးလို့ သတ်မှတ်ရမယ်၊ ပြသနာမျိုးစုံတက်ခဲ့တာမို့ ကံမကောင်းတဲ့နှစ်ရယ်လို့တောင် ပြောလို့ရတယ်။

ကျင်းလင်မြို့တော်မှာ တစ္ဆေမျက်နှာရောဂါဆိုးကျရောက်ခဲ့ပြီး လူအများကြီးသေခဲ့တယ်၊ နန်းလျာမင်းသား ဖွားမြင်လာတော့မှသာ သူ့ရဲ့ဘုန်းတန်ခိုးကြောင့် ရောဂါတွေက ဖြည်းဖြည်းချင်း သက်သာလာတယ်၊ ဒီလိုမှမကြာသေးဘူး၊ မြို့တော်မှာ လူတွေထပ်သေကြပြန်တယ်၊ သေတဲ့လူမှန်သမျှက တစ္ဆေမျက်နှာရောဂါတစ်ခါဖြစ်ပြီး ပြန်သက်သာသွားကြတဲ့လူတွေချည်းပဲ၊ သူတို့အားလုံးက တစ်ချိန်တည်းမှာပဲ ရောဂါပြန်ထလာပြီး သေကုန်တာ။

ထူးခြားတာက သူတို့အားလုံးက သူများတိုက်တဲ့ဆေးကို သောက်ခဲ့ကြတယ်လို့ဆိုတယ်၊ အဲဒီဆေးကို ပေးခဲ့တဲ့လူက ဟယ်ရှန်တစ်ပါးပါ။

ကျန်တဲ့တစ္ဆေမျက်နှာရောဂါသည်တွေက အကုန်ပြန်သက်သာလာကြပေမဲ့၊ ဟယ်ရှန်ပေးတဲ့ဆေးကို သောက်ခဲ့ကြတဲ့လူနာတွေကတော့ ထူးဆန်းစွာပဲ ရောဂါပြန်ထလာတယ်၊ သူတို့ရဲ့အခြေအနေက ပထမအကြိမ် ဖြစ်တာထက် ပိုဆိုးတယ်၊ ပြည်ဖုတွေပေါက်ပြီး နာရီပိုင်းအတွင်း သေဆုံးကုန်ကြတယ်။

နောက်တစ်ခုက ဧကရာဇ်အသစ်တင်မြှောက်ထားတဲ့ အန်ကွေးကြင်ယာတော်ကလဲ ရုတ်တရက် အဆိပ်မိပြီး သေဆုံးသွားတဲ့ သတင်းထွက်လာတယ်၊ ထျန်ယွမ်ရဲ့သမီးတော်ဖြစ်တဲ့ ကြင်ယာတော်ဟာ မင်ကျောက်မှာ လုပ်ကြံခံရတာမို့ တစ်တိုင်းပြည်လုံးက အံ့သြကုန်တယ်၊ ထျန်ယွမ်ဧကရာဇ်က မင်ကျောက်ကို စာ ၄စောင်တိတိပို့ပြီး တရားခံရှာခိုင်းတယ်၊ နယ်စပ်က ထျန်ယွမ်စစ်တပ်တွေကလဲ မူလနေရာကနေ ၁၀ မိုင်လောက်အထိ အရှေ့တိုးလာတယ်။

စစ်ကိုကြောက်ကြတဲ့ ပြည်သူတွေမှာ ရတတ်မအေးနိုင်ဘဲ ကျီးလန့်စာစားနေကြရတယ်၊ သိပ်မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်ထင်တယ်။

မင်ကျောက်ရဲ့နယ်နိမိတ်အတွင်းမှာ ကြောက်စရာအကောင်းဆုံးနေရာကို ပြပါဆိုရင် မင်ကျောက်နန်းတော်အောက်က မြေတိုက်ထဲမှာရှိနေတဲ့ မိစ္ဆာထိန်းထောင်ကိုပဲ လူတိုင်းက လက်ညိုးထိုးလိမ့်မယ်၊ အဲဒီထောင်ကို ရှန်းချီဧကရာဇ်ရဲ့အယုံကြည်ရဆုံး လက်ရုံးတစ်ယောက်က ဆောက်လုပ်ပေးခဲ့တာ၊ ဒီနေရာမှာ အဆိုးယုတ်ဆုံးနဲ့ အယုတ်မာဆုံးပြစ်မှုတွေကို ကျူးလွန်ကြတဲ့သူတွေကိုပဲ သီးသန့်ချုပ်ထားလေ့ ရှိတယ်၊ အဲဒီထောင်ထဲမှာ ချုပ်ထားတဲ့ လူတွေကို ကမ္ဘာပေါ်မှာ လူမဆန်ဆုံးနဲ့ အရက်စက်ဆုံး နည်းလမ်းတွေနဲ့ နှိက်စက်လေ့ရှိတယ်ဆိုပြီး နာမည်ကြီးတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now