32

2.7K 482 53
                                    

အပိုင်း။ ၃၂

ရှည်လျားတဲ့ အိပ်မက်တစ်ခု ရှောင်းကျန့်မက်ခဲ့တယ်၊ အိပ်မက်ထဲမှာတွေ့ရတဲ့ နန်းတော်ဂိတ်တံခါးက အတွင်းကျလွန်းတယ်၊ နန်းမြို့ရိုးက မြင့်မားမတ်ဆောက်ပြီး၊ စင်္ကြံလျှောက်လမ်းကလဲ မဆုံးနိုင်အောင် ရှည်လျားလွန်းနေတယ်။

လီလီပန်းတွေနဲ့ အလှဆင်ထားတဲ့တံခါးကို တွန်းဖွင့်လိုက်တော့ လျှောက်လမ်းအဆုံးဒန်းပေါ်မှာ ရှောင်းကျန့်ရဲ့မယ်တော့်ကို တွေ့လိုက်ရတယ်၊ မယ်တော်က မင်ကျောက်ရဲ့တန်ဖိုးအကြီးဆုံး ငွေပိုးထည်၀တ်ရုံကို ဆင်မြန်းထားတယ်။

နေခြည်နုထွေးထွေးအောက်မှာမြင်ရတဲ့ မယ်တော်က သိပ်ကိုတောက်ပလွန်းတယ်၊ ညင်သာစွာလွှဲနေတဲ့ ဒန်းပေါ်မှာ ထိုင်နေတဲ့ မယ်တော်က လေထဲမှာပျံဝဲနေတဲ့ လိပ်ပြာလေးတစ်ကောင်လိုပဲ၊ အမှန်ကတော့ အတောင်ပံတွေကို ခတ်နေရင်တောင် ပိတ်မိနေတဲ့ နန်းတော်ထဲကနေ ပျံထွက်နိုင်စွမ်း မရှိပါဘူး။

လမ်းတလျှောက် ထူပိတ်နေတဲ့မြူတွေကို ဖြတ်ကျော်ပြီး သူ့မယ်တော်ရဲ့ ရင်ခွင်ထဲကို ရှောင်းကျန့် ပစ်၀င်လိုက်တယ်၊ ပြီးတော့ မကျေနပ်ချက်တွေကို တစ်ခုပြီးတခု တိုင်တောနေမိတယ်။

ရှောင်းကျန့်လဲ ရွယ်တူမင်းသားတွေနည်းတူ စစ်ရေးပညာတွေ သင်ချင်တာ‌ပေါ့၊ ဘောလုံးပွဲတွေလဲ ၀င်ပြိုင်ချင်တယ်လေ။

မယ်တော်ကတော့ ဘာမှမပြောဘူး၊ ပြုံးရုံပြုံးပြီး နားထောင်နေတယ်၊ မယ်တော့်အပြုံးက သိပ်လှတယ်၊ ရှောင်းကျန့်မယ်တော်က ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးပဲ၊ သိမ်မွေ့စွာ ပြုံးနေရုံနဲ့တင် ဥယျာဉ်တော်ထဲကပန်းတွေ မယှဉ်နိုင်ဘဲ လက်မြှောက်အရှုံးပေးသွားနိုင်တယ်။

ဘာလို့လဲ မယ်တော်?
ဘာလို့ သားတော်က တခြားယောကျ်ားလေးတွေလို နေလို့မရတာလဲ?
ဘာလို့ တခြားယောကျ်ားလေးတွေနည်းတူ ပြိုင်ကွင်းထဲဆင်းပြီး မြင်းစီးပြိုင်ခွင့် မရှိရတာလဲ?

အသက်ရှင်နေဖို့အတွက်ပါ ချင်ချင်အာ

ရှောင်းကျန့် မကျေနပ်သေးဘူး၊ ဆက်ပြောချင်သေးတယ်၊ ဒါပေမဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ အားတစ်ခုက သူ့ကိုစုပ်ယူပြီး အဝေးကို ဆွဲခေါ်သွားတယ်၊ ရှောင်းကျန့် တတ်နိုင်သမျှ ရုန်းကန်တယ်၊ အော်ကြည့်တယ်၊ ဒါပေမဲ့ အချည်းနှီးပဲ၊ တဖြည်းဖြည်းနဲ့ မယ်တော်နဲ့ဝေးရာကို ရောက်သွားတယ်၊ နောက်ဆုံးမှာ သူ့မယ်တော်ကို အမှောင်ထုက ဝါးမြိုသွားခဲ့တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now