7

3.1K 464 11
                                    

အပိုင်း။ ၇

ဝမ်ရိပေါ် နိုးလာတဲ့အချိန်မှာ ညနေ ၃ နာရီလောက် ဖြစ်နေပြီ၊ အပြင်က သစ်ပင်တွေ ကခုန်လှုပ်ရှားသွားတိုင်း ပြတင်းပေါက်မှာ အရိပ်တွေ လာထင်တတ်တယ်။

ဝမ်ရိပေါ်စိတ်က အနည်းငယ် မှုန်မှိုင်းပြီး အလိုမကျချင်ဘူး၊ နှစ်များစွာ တရားကျင့်ကြံလာပြီးတဲ့ နောက်ပိုင်းမှာ ဒီလောက်ထိ အိပ်ရာထ နောက်ကျတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး၊ အခန်းထဲထိ တိုးဝင်လာတဲ့ တောက်တောက်ပပ နေရောင်ခြည်တန်းတွေကို လှမ်းကြည့်နေရင်း လက်ရှိက ဘယ်နှလ၊ ဘယ်နှရက်များလဲ ဆိုပြီး ဇဝေဇဝါဖြစ်စွာနဲ့ တွေးမိသွားတယ်။

ငုံ့ကြည့်လိုက်တော့ သူ့ကိုယ်မှာ ပတ်တီးတွေ ပတ်ထားတယ်၊ ဒါပေမဲ့ နာကျင်မှု မခံစားရဘဲ ခြေလက်တွေက အံ့သြစရာကောင်းလောက်အောင် ပေါ့ပါးသွက်လက်နေကြတယ်။

ဝမ်ရိပေါ် ဖြည်းဖြည်းချင်း ထထိုင်လိုက်တယ်၊ နောက်တော့ အိပ်ရာဘေးက လရောင်လို ဖျော့တော့တဲ့ ပိတ်ကျဲကန့်လန့်ကာကို မ,ဖွင့်ပြီး နူးညံ့တဲ့ မြေခွေးသားမွေး ကောဇောပေါ်ကနေ ဖြတ်လျှောက်လာတယ်။

ဒီနေ့အတွက် နေရောင်က ပြင်းလွန်းတာမို့ ဝမ်ရိပေါ်မှာ အပြင်ထွက်ထွက်ချင်း မျက်လုံး‌တွေ ပြာသွားတယ်၊ သူရောက်နေတာက ခမ်းနားတဲ့ အဖြူရောင် ကြွေပြားကပ်ထားတဲ့ နံရံ‌တွေ၊ လက်ရာမြောက်လှတဲ့ အမည်းရောင် ပန်းပုတိုင်လုံးကြီးတွေနဲ့ အလှဆင်ထားတဲ့ အဆောင်တစ်ခုပဲ။

အငွေ့ထနေတဲ့ စမ်းချောင်းလေး တစ်ခုကလွဲရင် ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့နေတယ်၊ အိမ်ထဲမှာ စမ်းချောင်းလို စီးဆင်းနေမဲ့ ရေပူစမ်း ရှိနေမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ၊ စမ်းချောင်းနဘေးမှာတော့ ရဲအာအောင် ပွင့်ဝေနေတဲ့ တောနှင်းဆီချုံကြီးတွေ ရှိတယ်၊ သူ့ဆီက ကြွေကျလာတဲ့ ပွင့်ချပ်တွေက စမ်းချောင်းထဲ ကြွေကျပြီး မျောပါကုန်တယ်။

အလွန်အကောင်းကြိုက်တယ်လို့ သတင်းကြီးတဲ့ ဧကရာဇ်သမီးတော်ရဲ့ အိမ်တော်မှာ တမင်ကြွားဝါထားတဲ့ ရွှေတန်စောင်း၊ ငွေတန်စောင်းတွေ မတွေ့ရဘူး၊ ဒါပေမဲ့ စိမ်းစိုတဲ့ သစ်တောတန်း‌လေးနဲ့ သဘာဝရေပူစမ်း ရှိနေရုံနဲ့တင်ကို ဒီနိုင်ငံမှာ အကောင်းဆုံးနဲ့ အထည်ဝါဆုံး ဇိမ်ခံနေရာအဖြစ် အလိုလို သတ်မှတ်လို့ ရနေပြီ။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now