92

2K 449 75
                                    

အပိုင်း။ ၉၂

အကန်ခံရမယ်လို့ မမျှော်လင့်ထားတာမို့ မာရှန်းမှာ မြေပေါ်ကို ခြေကားယားလက်ကားယား ပြုတ်ကျသွားတယ်၊ မျက်နှာက လွန်စွာရှက်ရွံ့နေပြီး ရှည်လျားတဲ့မုတ်ဆိပ်က တုန်ယင်နေကြတယ်၊ ခွန်းတုန့်ပြန်ချင်ပေမဲ့ ဒေါသထွက်လွန်းတာကြောင့် အသံမထွက်နိုင်ရှာဘူး။

သူဘာပြောမလဲဆိုတာ ရှောင်းကျန့် ခန့်မှန်းလို့ရသားပဲ၊ လူကြီးကို စော်ကားတယ်၊ ရိုင်းပြတယ်၊ ဒါတွေပဲလာမှာမို့ စောင့်နားထောင်နေရလောက်အောင် အဖိုးတန်မနေဘူး၊ ရှောင်းကျန့် အရှေ့ကိုဆက်လျှောက်လာတယ်၊ တံခါးမှူးကတော့ ခုခံဖို့အသင့်အနေအထားမှာ ဓားနဲ့ရွယ်ထားတယ်။

ရှောင်းကျန့်က သက်ပြင်းချလိုက်ပြီး။

"ပန်ကုန်းကိုပေးဝင်.. အခုလက်ရှိမှာ ချူရှောင်းစစ်တပ်တွေက တောင်ခြေမှာတင်ရှိနေတာ.. နိုင်, နိုင်ခြေမရှိတော့ဘူးဆိုတာ မင်းတို့လဲသိမှာပဲ.. ဒီမှာပဲ အသေခံမလား ဒါမှမဟုတ် ပန်ကုန်းကိုဝင်ခိုင်းပြီး နောက်ဆုံးအကြိမ် ဆွေးနွေးခွင့်ပေးမလား .. မင်းတို့ဆုံးဖြတ်"

ဒီစကားကြားတော့ တံခါးစောင့်တွေရဲ့မျက်နှာတွေက သိသိသာသာ တုံ့ဆိုင်းကုန်တယ်၊ သူတို့တွေ တကယ်ပဲ ပင်ပန်းနေကြပြီ။

"ဝင်ခွင့်ပေးမယ်ဆိုရင် မင်းတို့အားလုံး အသက်ရှင်ခွင့်ရမယ်.. ပန်ကုန်း ကတိပေးတယ်"

အတန်ကြာ တိတ်ဆိတ်သွားပြီးမှ အလယ်မှာ တစ်ယောက်စာ လုံလုံလောက်လောက် ဖြတ်သန်းလို့ရတဲ့ လမ်းကြောင်းတစ်ခု ပေါ်လာတယ်။

ရှောင်းကျန့် ဖြတ်လျှောက်လာပြီး နောက်ဆုံးတော့ တံခါးနားရောက်လာတယ်၊ ယာယီနန်းဆောင်ရဲ့ အိုဟောင်းနေတဲ့ တံခါးမကြီးက အသံကျယ်ကျယ်နဲ့ ပွင့်သွားတယ်၊ လေထုထဲမှာ အောက်သိုးသိုးအနံ့ ရနေတယ်၊ ရှောင်းကျန့် တံခါးဖွင့်လိုက်တော့မှသာ ခန်းဆောင်ထဲကို အလင်းတန်းတစ်ခု တိုးဝင်လာပြီး အမှောင်ထုကို ထိုးခွင်းမြင်လာစေတယ်။

အလင်းတန်းရဲ့အဆုံးမှာတော့ ငြိမ်သက်စွာ ထိုင်နေတဲ့ လူတစ်ယောက်ရှိတယ်၊ သူ့ကိုယ်ပေါ်က ငွေချပ်ဝတ်တန်ဆာက ပျက်ဆီးနေပြီး၊ အောက်ခံအင်္ကျီအဖြူရောင်ကို မြင်နေရတယ်၊ အင်္ကျီအောက်မှာ ပြတ်ရှဒဏ်ရာတွေ ရှိနေတယ်၊ သွေးစွန်းနေတဲ့ ငွေချူလုံးခြေကျင်းကို လက်ကောက်ဝတ်မှာ ရစ်ပတ်ထားတယ်၊ အဲဒီလူက ရုတ်ချည်းဝင်လာတဲ့ အလင်းရောင်ဘက်ကို မျက်လုံးတွေမှေးကျဉ်းထားပြီး လှမ်းကြည့်နေခဲ့တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now