80

1.8K 424 36
                                    

အပိုင်း။ ၈၀

အခန်းထဲကို ဆေးဗန်းလေးကိုင်ပြီး ၀မ့်ကျွင်း ၀င်လာချိန်မှာတော့ တမင်ပွင့်အောင် ကုတ်ဖဲ့ထားလို့ သွေးတွေ ထွက်နေတဲ့ ယွီ၀မ်ကျယ်အနာနဲ့ ကြမ်းခင်းပေါ်မှာ ပွစကြဲနေတဲ့ ကျားစေ့တွေကို မြင်လိုက်ရတယ်။

"အရှင့်သား!"

ယွီ၀မ်ကျယ်က ဘာမှမဖြစ်ထားသလို ခပ်တည်တည်မျက်နှာနဲ့ ၀တ်ရုံကိုဆွဲစေ့ပြီး မေးခွန်းထုတ်လာတယ်။

"ဒဏ်ရာသက်သာပြီလား?"

အမဲလိုက်ကွင်းက ပြန်လာတာနဲ့ ၀မ့်ကျွင်းက အပြစ်ပေးဆောင်ကို ပြစ်ဒဏ်ခံယူဖို့ သွားခဲ့ရတယ်၊ အပြစ်ပေးဆောင်ဆိုတာက အလုပ်တာ၀န်ကို ပေါ့လျော့စွာလုပ်တဲ့ အရိပ် ကိုယ်ရံတော်တွေကို စစ်ဆေးမေးမြန်းပြီး အပြစ်ပေးတဲ့နေရာပါ၊ အဲဒီနေရာမှာချမှတ်တဲ့ ပြစ်ဒဏ်မှန်သမျှက ပြင်းထန်ရက်စက်တယ်၊ ၀မ့်ကျွင်းက ဖြူရော်ရော်မျက်နှာနဲ့ ခေါင်းညိတ်ပြပြီး။

"စိတ်ပူအောင်လုပ်မိခဲ့တဲ့အတွက် စိုးရွံ့မိကြောင်းပါ အရှင့်သား"

"ထွက်သွားတော့"

ယွီ၀မ်ကျယ်က တခြားစကားမပြောဘဲ အေးစက်စွာ ပြောလိုက်တယ်။

၀မ့်ကျွင်းက အသံတိတ်နေတယ်၊ သူ့ရဲ့ ဖြူဖတ်ဖြူရော်မျက်နှာက ၀မ်းနည်းရိပ်သန်းသွားတယ်။

"အရှင်..အရှင့်သား.. မြားမှာအဆိပ်ပါနေတာကို ငယ်သားတကယ် မသိခဲ့ပါဘူး.. မင်းသား ၁ ပေးတဲ့အတိုင်း ယူလာရတာမို့ပါ..ငယ်သား တကယ်ကို မရည်ရွယ်.."

ယွီ၀မ်ကျယ်ကို မြားနဲ့ပစ်ခိုင်းတာဆိုပေမဲ့ မြားမှာအဆိပ်လူးထားတာကို မင်းသား ၁ က ထိန်ချိန်ထားခဲ့တာ၊ ဒါက ၀မ့်ကျွင်းကို မယုံတာလား၊ ဒါမှမဟုတ် အခွင့်အရေး လွဲချော်သွားမှာစိုးရိမ်လို့လား ဆိုတာတော့ မသဲကွဲဘူး။

"သိတယ်"

ယွီ၀မ်ကျယ်က အမူအယာမပြဘဲ။

"မဟုတ်ရင် ခုချိန်ထိ မင်းအသက်ရှင်နေနိုင်မယ်ထင်နေတာလား?"

၀မ့်ကျွင်းရဲ့ ထူထဲလှတဲ့ မျက်တောင်တွေက တုန်ယင်သွားတယ်၊ သူက ဆို့နင့်နေတဲ့အသံနဲ့ ပြောလိုက်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now