အပိုင်း။ ၅၃
ဆောင်းဦးရဲ့မိုးက နောက်ဆုံးမှာ ရပ်တန့်သွားပြီး နေရောင်ခြည်ကောင်းကောင်း ပြန်ရလာတယ်၊ ချီလင်တောင်ရဲ့ မနက်ခင်းစောစောက မြူနှင်းတွေ စိုစွတ်နေတတ်ပြီး နေ့ဘက်မှာတော့ ပြာလွင်လွင် ကောင်းကင်ကြီးကို မြင်ရတယ်။
ရှောင်းကျန့်က ၀ရန််တာတံစက်မြိတ်အောက်က ကြိမ်လှုပ်ကုလားထိုင်မှာ အေးအေးလူလူထိုင်ရင်း လေညှင်းခံနေတယ်၊ ဘေးကစားပွဲခုံလေးပေါ်မှာ အခွံခွါထားပြီးသား တလည်းသီးတွေထည့်ထားတဲ့ ငွေလင်ဗန်းတစ်ချပ်ရှိတယ်၊ ရှောင်းကျန့်က ကြည်လင်တောက်ပနေတဲ့ အနီရဲရဲတလည်းသီးအမြွှာလေးတွေကို လက်ဖဝါးထဲ ကိုင်ထားပြီး ပါးစပ်ထဲပစ်ထည့်လိုက် ဝါးလိုက်လုပ်နေတယ်။
နောက်လက်တစ်ဖက်ကတော့ ကျောက်စိမ်းယပ်တောင်ကို မှန်မှန်ခတ်တယ်၊ သူ့ပုံစံက သဘာ၀နဲ့ နီးစပ်တဲ့တောတောင်ထဲက နွေရာသီ အပန်းဖြေစံအိမ်မှာ အပန်းလာဖြေတဲ့ ဧည့်သည်တော်လိုပဲ။
အခုဆို တောင်ပေါ်မှာနေတာ ရက်အနည်းငယ် ရှိနေပြီ၊ သူ့ဘ၀မှာ ဒီလောက် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ အချိန်မျိုး မရှိခဲ့ဖူးသလို ခံစားရတယ်၊ ၀မ်ရိပေါ်ကတော့ ဆုတောင်းပွဲနဲ့ တစ်ချိန်လုံး အလုပ်များနေတာပါ၊ တရားပွဲလုပ်နေတဲ့ တောင်ပေါ်မှာ ရှောင်းကျန့်အနေနဲ့ လျှောက်သွားနေလို့ အဆင်မပြေဘူး၊ ဒါကြောင့် ၀မ်ရိပေါ်ရဲ့အဆောင်ဝိုင်းမှာပဲ နေရတယ်၊ ကြာတော့ပျင်းပြီး အရိုးတွေတောင် ပျော့ကုန်မှာ စိုးရတယ်။
ဒါပေမဲ့ အခုလိုမျိုး ပုဝမ်အနောက်ကနေ လိုက်မခေါ်ရင် ရှောင်းကျန့်က ပြန်ဖို့တွေးမှာမဟုတ်ဘူးလေ။
YOU ARE READING
He Dufo [何渡佛] •COMPLETED•
Fanfiction"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure, Romance, Angst, Historical, Monk and Princess. I do not own this story. Fan translation. All rights reserved to the original author : 橘子...