73

2.4K 441 64
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၇၃

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၇၃

"ဝမ်ရိပေါ်!!!"

အိပ်မက်ဆိုးကနေ ရှောင်းကျန့် လန့်နိုးလာတယ်၊ တစ်ကိုယ်လုံးက ချွေးတွေရွှဲနစ်နေပြီး လှုပ်ရှားလိုက်တဲ့အခါတိုင်း အရိုးတွေအပိုင်းပိုင်းကျိုးထားသလို နာကျင်နေခဲ့တယ်။

ရှောင်းကျန့်ရင်ဘက်ကြီးက နိမ့်ချည်မြင့်ချည်ဖြစ်တဲ့အထိ မောဟိုက်နေတာမို့ ပုယွီက သူ့ကိုအမြန်လာထူပေးလိုက်တယ်၊ နောက်တော့ အခါးရည်ခွက်လေး ကမ်းပေးတယ်။

"အရှင်!.. နောက်ဆုံးတော့ အရှင်နိုးလာပြီပဲ.. အရှင် အိပ်ပျော်နေတာ ၃ ရက်လောက်တောင် ရှိရော့မယ်.. ငယ်သားလန့်လို့ သေတော့မလို့ အရှင်ရယ်"

ရှောင်းကျန့်က အခါးရည်ခွက်ကို မယူဘူး၊ ပုယွီလက်ကောက်ဝတ်ကိုကိုင်ပြီး အဆောတလျင် မေးတယ်။

"ဝမ်ရိပေါ် .. ဝမ်ရိပေါ် ဘယ်မှာလဲ?"

ဝမ်ရိပေါ် နာမည်ကြားတော့ ပုယွီလန့်သွားတယ်၊ နောက်တော့ ရှောင်းကျန့်ကို စိတ်မကောင်းဖြစ်နေဟန်နဲ့ ကြည့်လာပြီး။

"အရှင်.. အရှင် အိပ်မက်မက်နေတာ ဖြစ်မှာပါ.. သာ့ရှီးက.. သာ့ရှီးက"

ရှောင်းကျန့်က ဇဝေဇဝါဖြစ်သွားဟန်နဲ့ ပုယွီလက်ကို လွှတ်လိုက်တယ်၊ သူ့စိတ်တွေကရှုပ်ထွေးနေတာ၊ ဒါပေမဲ့ ချက်ချင်းပဲ ပုယွီလက်ကို ပြန်ကိုင်လိုက်ပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now