67

2.4K 454 112
                                    

အပိုင်း။ ၆၇

ချူရှောင်းနဲ့ မင်ကျောက်က ဓလေ့စရိုက်တွေ ကွဲပြားတယ် ဆိုပေမဲ့ အသုဘလို အခြေခံဓလေ့ထုံးတမ်းတွေကတော့ တူညီကြတယ်။

အနီတောက်တောက် မင်္ဂလာဝတ်စုံနဲ့ မျက်စိမခွာနိုင်အောင် ဆွဲဆောင်မှုရှိတဲ့ အပေါ်ယံအလှတွေအောက်မှာတော့ အေးစက်ပြီး စိတ်မချမ်းမြေ့စရာ အဖြူရောင်ဝတ်စုံ ရှိတယ်၊ လက်မောင်းတစ်ဖက်မှာတော့ သွေးစို့နေတဲ့နေရာရှိနေတယ်။

ဖရိုဖရဲဝတ်စုံနဲ့လူက ယာယီတဲရဲ့အလယ်မှာ မလှုပ်မယှက် ရပ်နေတယ်၊ ပိတုန်းရောင်ဆံနွယ်တွေက သူ့ရဲ့ ဖြူဖတ်ဖြူရော်မျက်နှာကို ပိုပြီးသိသာထင်ရှားလာစေတယ်၊ မျက်နှာပေါ်မှာ ကြေကွဲဆို့နင်နေတဲ့ အမူအယာမျိုးတွေ ရှိမနေဘူး၊ခေါင်းမာပြီး ရေခဲတမျှအေးစက်မှုကိုသာ မြင်တွေ့ရတယ်။

သူ့ပုံစံက စစ်ကြောင့် ခင်ပွန်းယောက်ျားတွေသေကုန်ပြီး မုဆိုးမဖြစ်ကုန်ကြတဲ့ ချူရှောင်းကအမျိုးသမီးတွေနဲ့ သွားတူတယ်၊ အမျိုးသမီးတွေက မင်္ဂလာဝတ်စုံဝတ်ပြီးတာနဲ့ သူတို့ယောက်ျားတွေကို စစ်မြေပြင်ကို လိုက်ပို့ရတယ်၊ မိမိခင်ပွန်းမလာဘဲ သတင်းပဲပြန်လာရင် အဖြူရောင် အသုဘဝတ်စုံ ပြောင်းဝတ်ပြီး ပူဆွေးဝမ်းနည်းမှုကို ဖြတ်ကျော်ရတယ်။

အခုအခိုက်အတန့်လေးမှာတော့ ယာယီတဲထဲမှာ ဆူညံနေခဲ့တဲ့စစ်သူကြီးတွေလဲ လှပပေမဲ့ ကျက်သီးထစရာ အရှိန်အဝါရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ဘာစကားမှ မဆိုနိုင်တော့ဘဲ အချိန်အတော်ကြာတဲ့အထိ ဆွံ့အကုန်ကြတယ်။

ထိပ်ဆုံးခုံမှာထိုင်နေတဲ့ လူတစ်ယောက်ကတော့ ရှောင်းကျန့်ကိုစိုက်ကြည့်နေရင်း လက်ချောင်းထိပ်နဲ့ စားပွဲကို အသာအယာ ခေါက်လိုက်တယ်၊ အဲဒီတော့မှ သူ့ဘေးမှာရပ်နေတဲ့ အနီးကပ်လူယုံက အားလုံးကို ပြောတယ်။

"အားလုံးပဲသွားလို့ရပါပြီ"

စစ်သူကြီးတွေက ထိုင်နေတဲ့အိမ်ရှေ့စံကို တညီတညွတ်တည်း အလေးပြုပြီး ယာယီတဲထဲက ထွက်သွားဖို့လုပ်တယ်၊ တံခါးပေါက်က ထွက်သွားခါနီးမှာတော့ အိမ်ရှေ့စံဆီက အေးစက်စက်စကားသံ ထွက်လာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now