36

2.4K 445 48
                                    

အပိုင်း။ ၃၆

တစ်ညလုံး နှင်းကျတာ မရပ်ခဲ့ဘူး။

ရှောင်းကျန့်ခန္ဓာကိုယ်ကလဲ ဆိုးရွားပြင်းထန်တဲ့ ပြင်ပရာသီဥတုနဲ့အပြိုင် ဆန္ဒပြနေတယ်၊ ထိန်းမနိုင်သိမ်းမရ ချမ်းတုန်ကာ အဖျားတက်ပြီး တစ်ကိုယ်လုံးက ချော်ရည်ပင်လယ်ထဲမှာ လက်ပစ်ကူးနေရသလို ခြစ်ခြစ်တောက် ပူတယ်၊ မျက်ခွံတွေ လေးလံကာ ပိတ်ကျနေပြီး အဆုံးမရှိတဲ့ အမှောင်ထုထဲမှာ မြုပ်လိုက်‌ပေါ်လိုက်ဖြစ်‌နေတယ်၊ ဘယ်လိုလုပ်လုပ် မလွတ်မြောက်နိုင်ဘူး။

"ရေ..ရေဆာတယ်.."

တစ်ယောက်တည်း အမှောင်ထုထဲမှာ ရုန်းကန်နေရတုန်းမှာပဲ နှုတ်ခမ်းတွေက အသာအယာ ဖွင့်ဟခံလိုက်ပြီး စိုစွတ်တဲ့အထိအတွေ့က နှုတ်ခမ်းနဲ့သွားဖုံးကြားထဲကို စိမ့်၀င်လာတယ်။

နှင်းကနေ အရည်ပျော်လာတဲ့ ရေစက်လေးတွေက ချိုလွင်အေးမြတယ်၊ စိမ့်စမ်းရေလို သန့်စင်တဲ့ရေကြောင့် ရှောင်းကျန့်ရဲ့ ငတ်မွတ်တောင့်တမှုက အနည်းငယ် လျော့ပါးလာခဲ့တယ်။

ဒါပေမဲ့ ရှောင်းကျန့်က ဒီလောက်နဲ့တင် မတင်းတိမ်နိုင်ဘူး၊ ရေရဖို့အတွက် အငမ်းမရ ကြိုးပမ်းမိပြန်တယ်။

၀မ်ရိပေါ်ရဲ့ နှုတ်ခမ်းလွှာတွေ ကြားကနေ ဖြတ်ထွက်လာတဲ့ နှင်းရည်တွေကို ရှောင်းကျန့်က အလောတကြီး စုပ်ယူသွားတယ်၊ သတိလစ်နေတဲ့လူက နောက်ထပ်လိုချင်နေသေးတဲ့ပုံနဲ့ နှုတ်ခမ်းတွေနောက်ကို မရမက လိုက်လာတယ်။

နှုတ်ခမ်းဖျားထက်က ထုံကျင်မှုက သွေးလွှတ်ကြောတွေကတဆင့် ၀မ်ရိပေါ်ရဲ့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားတယ်၊ စစချင်းမှာ ၀မ်ရိပေါ်တစ်ယောက် ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ မင်တက်နေခဲ့တယ်။

ဒါပေမဲ့ နူးညံ့တဲ့ နှုတ်ခမ်းလွှာ အချင်းချင်း၊ သွားအချင်းချင်း ပွတ်တိုက်သွားတဲ့ ခံစားမှုက စွဲလမ်းစရာ ကောင်းလွန်းတယ်၊ ၀မ်ရိပေါ်မှာ မဆင်ခြင်နိုင်တော့ဘဲ ရှောင်းကျန့်ခေါင်းကို လက်နဲ့ပင့်တင်ကာ သူနဲ့ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကို ပိုပြီးနီးကပ်စေလိုက်တယ်၊ မသိရင် ရှောင်းကျန့်ဘက်က ကပ်လာတာကို မရှောင်လွှဲနိုင်ခဲ့သလို အထင်ရောက်စရာရှိတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now