26

2.7K 461 52
                                    

အပိုင်း။ ၂၆

ရှောင်းကျန့် မျက်တောင်နှစ်ချက် အသာခတ်လိုက်ပြီး ပြောလာတယ်။

"ဒီတိုင်းတော့ ဘယ်လွှတ်ပေးပါ့မလဲ.. စစ်ကူခေါ်ရမှာပေါ့"

ရှန့်ကွမ်မော့ပေလဲ ရှောင်းကျန့်လုပ်ချင်တာကို သဘောပေါက်သွားတာမို့ အထွန့်တက်ပြီး ဆက်မပြောတော့ဘူး၊ ခဏကြာမှ။

"ဒီကိစ္စပြီးသွားတာနဲ့ ကျုပ်က ကျင်းလင်ကို ပြန်မှာ"

စာရွက်ပေါ်မှာ စုတ်တံကိုင်ထားပြီး ရေးခြစ်နေတဲ့ ရှောင်းကျန့်လက်တွေက ဒီစကားကြောင့် ရပ်တန့်သွားတယ်။

"မပြန်ရဘူး"

"ဒါကကျုပ်သဘောပါ"

"ဒါဆိုလဲ ဘယ်မှမသွားနိုင်တော့အောင် မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးခိုင်းလိုက်မယ်.. ကောင်းလား?"

ရှန့်ကွမ်မော့ပေ မကျေမနပ်နဲ့ မျက်မှောင်ကြုတ် သွားတယ်။

"ဒါဆိုလဲ မပြန်ဖို့တားနေရတဲ့ အကြောင်းပြချက်ပေးလေ"

"ပန်ကုန်းကိုလဲ အကြောင်းပြချက်ပေး"

ရှောင်းကျန့် ဒီလို ခွန်းတုံ့ပြန်လိုက််တော့ အခန်းထဲမှာ အတန်ကြာ တိတ်ဆိတ်သွားပြန်တယ်။

ရှောင်းကျန့်က စုတ်တံပြန်ကိုင်လိုက်ပြီး စာကြောင်းတချို့ ချရေးလိုက်တယ်။

စာရွက်ကို ငုံ့ကြည့်နေရင်း ရှန့်ကွမ်မော့ပေ အံ့အားသင့်သွားတယ်၊ အဲဒါက စာပေကဗျာပွဲတော်မှာ သူရေးခဲ့တဲ့ကဗျာ‌လေ၊ ရှောင်းကျန့်က စာရွက်ကို လက်နှစ်ဖက်နဲ့ မြှောက်ကိုင်လိုက်ပြီး။

"ရှန့်ကွမ်သခင်လေးက စာပေပညာမှာတော့ ထူးချွန်ပါရဲ့.. ."

ရှောင်းကျန့်က မျက်၀န်းတွေကို ကျဉ်းမြောင်းကာ သူ့ဘက်ကြည့်လာပြီး။

"ဒါပေမဲ့ ဒီလိုလှည့်ကွက်လေးတွေလောက်နဲ့ ရန်မျိုးနွယ်ကို လက်တုံ့ပြန်နိုင်လိမ့်မယ်လို့ ထင်နေခဲ့တာလား?"

ရှန့်ကွမ်မော့ပေ မျက်လုံးပြူးသွားတယ်။

"မင်း..မင်းသိနေခဲ့တာလား?"

ရှောင်းကျန့်က နှုတ်ဆိတ်နေပြီး ကဗျာတစ်ကြောင်းချင်းစီရဲ့ ပထမစာလုံးတွေကို မင်နဲ့တားပြတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now