60

3K 400 105
                                    

အပိုင်း။ ၆၀

ရှောင်းကျန့်ဘဝမှာ ပထမဆုံးအကြိမ် လူသတ်ဖူးခဲ့တာက အသက် ၁၃ နှစ်အရွယ်မှာပါ။

အဲဒီအချိန်တုန်းက ရန်ကျိုးမှာ ဆေးသွားကုပြီးပြီမို့ ကလေးဘဝက ရောဂါအားလုံး သက်သာသွားခဲ့ပြီ၊ ဆရာသခင်က သူဖြည့်ဆည်းပေးရမဲ့ဆန္ဒတွေ ပြည့်စုံသွားပြီလို့ ယူဆလိုက်ပုံရတယ်၊ ရန်ကျိုးက ပြန်လာပြီး နောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်က ဆောင်းဦးဝင်လာတဲ့ အရွက်လေးလို ညိုးရော်ပြောင်းလဲလာတယ်။

ဒါပေမဲ့ ရှောင်းကျန့်စိတ်ထဲမှာတော့ ဆရာသခင်က သေဆုံးသွားတာ ကြာခဲ့ပြီမှန်း သိနေတယ်၊ ရှောင်းကျန့်မယ်တော် ဆုံးပါးသွားတဲ့နေ့ကတည်းက အတူတူလိုက်ပြီး သေဆုံးသွားခဲ့တာ၊ မယ်တော်သေသွားတော့ ဆရာသခင်ရဲ့စိတ်ဝိညာဉ်လဲ အတူသေဆုံးသွားပြီး၊ စိတ်ဝိညာဉ်မဲ့ နေတဲ့ ခန္ဓာကိုယ်ကြီးပဲ ကျန်ရစ်ခဲ့တယ်၊ ရှောင်းကျန့်ကို စောင့်ရှောက်ပေးဖို့ မယ်တော်သာ အပ်မထားခဲ့ရင် အဲဒီနေ့ကတည်းက မယ်တော့်အနောက်ကို လိုက်သွားပြီးနေပြီ၊ အခုလို စိတ်လျှော့လိုက်တဲ့အခါမှာတော့ သူ့အတွက် မီးစာကုန်လို့ ဆီခမ်းတဲ့အချိန်ကို ရောက်လာခဲ့ပြီ။

အဲဒီနှစ်က ဆောင်းဝင်တာ စောတယ်၊ ပထမဆုံး နှင်းကျတဲ့နေ့မှာ ဆရာသခင်က ခါတိုင်းထက်စောစော နိုးနေခဲ့တယ်၊ သူက ကုတင်အနောက်ကို မှီနေပြီး ရှောင်းကျန့်နဲ့ စကားတွေ အများကြီးပြောခဲ့တယ်၊ သူက နှင်းထူထပ်စွာ ကျဆင်းနေတဲ့ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေရင်း သူသေသွားရင် မြေမမြုပ်ဘဲ အရိုးပြာကို အနောက်ဘက်အရပ်မှာ သွားကြဲလိုက်ဖို့ ခြောက်ကပ် အက်ကွဲနေတဲ့အသံနဲ့ မှာခဲ့တာ။

အဲဒီအရပ်က သူနဲ့ ရှောင်းကျန့်မယ်တော့်ရဲ့မွေးရပ်မြေပါ၊ နောက်တော့ သူတစ်သက်လုံး ထိန်းသိမ်းထားခဲ့တဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ရှောင်းကျန့်လက်ထဲ ထည့်ပေးခဲ့တယ်၊ ရှောင်းကျန့်တို့ပြောနေတာတချို့ကို ရံရွေတော်လေးတစ်ယောက်က သိသွားတယ်၊ အဲဒီ ရံရွေတော်လေးက ရှောင်းကျန့်တို့ကို ခစားနေတာ ၆ - ၇ နှစ် လောက်တောင် ရှိနေပြီ။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now