9

2.8K 450 52
                                    

အပိုင်း။ ၉

ရှန့်ကွမ်မော့ပေကို မြစ်ထဲကနေ ဆယ်လာတဲ့အချိန်မှာတော့ သူ့အရေပြားတွေက ပဲကြီးရေတွန့်နေခဲ့ပြီ၊ သူက ဗိုက်ထဲရောက်နေတဲ့ ရေတွေကို အန်ချပြီး ချောင်းမပြတ် ဆိုးနေခဲ့တယ်၊ ငယ်ရွယ်တဲ့ လူငယ်လေးက အသက်မှန်မှန် ပြန်ရှူလာပေမဲ့ လူက ဖြူရော်ရော် ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ သတိရလာတာနဲ့ ဒေါသတကြီး မော့ကြည့်ကာ အနားမှာရှိနေတဲ့ အစောင့်ဆီက ဓားဆွဲလုလိုက်ပြီး ဝမ်ရိပေါ်ဆီ ဦးတည်လိုက်တော့တယ်။

လရောင်ဟပ်သွားတဲ့ဓားက မျက်စိရှေ့မှာ ဖျတ်ခနဲ လက်ခနဲ ဖြစ်သွားတယ်၊ ရှောင်းကျန့်တောင် မျက်တောင်တစ်ချက် ခတ်မိသွားတယ်၊ သူမျက်လုံး ပြန်ဖွင့်လိုက်တော့ ဝမ်ရိပေါ်က အနောက်ကို တစ်လှမ်းစာလောက် ဆုတ်သွားပြီး ချွန်မြနေတဲ့ဓားဦးကို လက်ချောင်းတွေနဲ့ ခိုင်ခိုင်မာမာ ဖမ်းထိန်းထားလိုက်တယ်၊ အဖြူရောင် ဟယ်ရှန်၀တ်ရုံက လေထဲမှာ တလွင့်လွင့် ဖြစ်နေတယ်။

အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်တဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်တဲ့ အတွင်းအားက ဒေါသတကြီး တိုးဝင်လာတဲ့ဓားကို သိမ်မွေ့စွာပဲ ဖြေရှင်းလိုက်နိုင်တယ်၊ ခေါင်းမာတဲ့ လူငယ်လေးကလဲ အလွယ်တကူ လက်မလျှော့ဘူး၊ နောက်တစ်ကွက် ထပ်တိုက်ဖို့ ဓားကိုပြန်ဆွဲတယ်၊ ဘယ်လိုလုပ်လုပ် လက်နှစ်ချောင်းကြားမှာ ညှပ်ထားတဲ့ ဓားကိုတော့ ပြန်ဆွဲယူလို့ မရခဲ့ဘူး။

သူ့လက်နှစ်ဖက်ရဲ့စုပေါင်းအားက ဟယ်ရှန်ရဲ့ လက်ချောင်းနှစ်ချောင်းအားကို မယှဉ်နိုင်ဘူး၊ နောက်ဆုံးတော့ ရှန့်ကွမ်မော့ပေက ရှုံးမဲမဲပြီး အော်ဟစ်ဆဲဆိုတယ်။

"မင်းကို သေအောင် ရိုက်ပစ်မယ် မြည်းခေါင်းတုံး"

ချွင်ချွမ် အသံမြည်သွားပြီး ၀မ်ရိပေါ်က ဓားကို ပြန်တွန်းထုတ်လိုက်တယ်၊ ဓားကိုင်ထားတဲ့ ရှန့်ကွမ်မော့ပေမှာ အနောက်ကို ခြေလှမ်းအနည်းငယ်လောက် ရွေ့သွားပြီး လက်ထဲမှာရှိခဲ့တဲ့ဓားက ဘေးကိုလွင့်ကျသွားခဲ့တယ်၊ ရှန့်ကွမ်မော့ပေ မယုံနိုင်ဖြစ်ပြီး ဓားကိုငုံ့ကြည့်နေတယ်။

၀မ်ရိပေါ်ကတော့ မူလနေရာကနေ မရွေ့ခဲ့ဖူးတဲ့လူလို လရောင်အောက်မှာ တည်ငြိမ်စွာ ရပ်နေတာ၊ သူ့ဝတ်ရုံဖြူက မြစ်လေနဲ့အတူ တဖျတ်ဖျတ် လွင့်နေတယ်၊ သူက ဆုတောင်းပုတီးကို လက်တစ်ဖက်နဲ့ကိုင်ထားတယ်၊ ကျန်လက်တစ်ဖက်ကို ရင်ဘက်မှာကပ်ကာ အရိုအသေပေးပြီး ခပ်တည်တည် ပြောလိုက်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now