82

2.5K 491 133
                                    

အပိုင်း။ ၈၂

"သူဘာဖြစ်သွားပြီလဲ?"

အလင်းမှိန်မှိန်သာ ထွန်းထားတဲ့ ဖန်ယင်မျှော်စင်ထဲမှာ ရှောင်းကျန့်အသံက အေးစက်စွာ ထွက်ပေါ်လာတယ်၊ ရှောင်းကျန့်က တတ်နိုင်သမျှ အသံမတုန်အောင် ထိန်းထားပြီး မေးလိုက်တာ၊ စိတ်ထဲတော့ ထင့်သွားပြီ။

"သိချင်ရင် အိမ်ရှေ့စံမင်းသားကို တိုက်ရိုက်မေးကြည့်ပါ.. ပြောမပြောကတော့ မသေချာဘူးပေါ့"

ရှောင်းကျန့်အသက်ရှူကျပ်ချင်သွားတယ်၊ အမှန်တကယ် ရှန့်ကွမ်မော့ပေကို တစ်ခုခု လုပ်ထားရင်တောင် အခုလက်ရှိဝမ်ရိပေါ်အနေနဲ့က ရှောင်းကျန့်ကို.. အမှန်တိုင်းဖြေပါ့မလား?

ရှုပ်ထွေးလွန်းတယ်။

အရင်တုန်းက ဝမ်ရိပေါ်က စိမ့်စမ်းရေလို ကြည်လင်နေတာ၊ အောက်ခြေအထိ လှမ်းမမီနိုင်ပေမဲ့ မြင်တော့မြင်နိုင်သေးတယ်၊ အခု ဝမ်ရိပေါ်က တိမ်မည်းတွေဖုံးပြီး မြူတွေကြားမှာ မှောင်မိုက်နေတာမျိုး၊ ထိလို့မရသလို ထွင်းဖောက်ပြီးလဲ မတွေ့ရဘူး။

ဒီလို ဝမ်ရိပေါ်ကိုသွားပြီး တိုက်ရိုက်မေးခွန်းထုတ်လိုက်လို့ ဖြစ်ပါ့မလား?

ရှောင်းကျန့်ခေါင်းထဲကို ရှန့်ကွမ်မော့ပေကိစ္စက နေရာယူသွားတာမို့ ဖန်ယင်မျှော်စင်က ပြန်ထွက်လာတာနဲ့ ဝမ်ရိပေါ်အိပ်ဆောင်ကို သွားတွေ့ဖို့လုပ်တယ်။

ရှောင်းကျန့် ရောက်သွားတဲ့အချိန်မှာ တော်ဝင်သမားတော်က ပြန်သွားပြီ၊ အိပ်ဆောင်တစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတယ်၊ ရှောင်းကျန့်မှာ အထဲဝင်သွားဖို့ မဝံ့မရဲဖြစ်နေတာမို့ တံခါးဝမှာ အချိန်အတော်ကြာ ရပ်နေမိတယ်၊ ခုနကရှိခဲ့တဲ့သတ္တိတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သလိုပဲ။

ဝမ်ရိပေါ် တကယ်မသေဘဲ ပြန်တွေ့ရတယ်ဆိုပြီး ရှောင်းကျန့် မကြာမကြာ စိတ်ကူးကြည့်ဖူးတယ်၊ ဘယ်တုန်းကမှ အခုလို အခြေအနေမျိုးမပါခဲ့ဘူး၊ ဝမ့်ကျွင်းက ချက်ကောင်းထိအောင် ပြောတတ်လွန်းတယ်၊ သူ့စကားတွေက အခုထိ ရှောင်းကျန့်ခေါင်းထဲကနေ ထွက်သွားကြဘဲ အတွေးထဲလှည့်လည်ပြီး သူ့ကို စိတ်ဒုက္ခပေးနေကြတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now