Ch 4( Zawgi & Unicode)
17.7K 1.8K 48
Chapter 2.2 – Author: … Understood.
တုကျဲ့ သူ့လည်မျိုထိ သွေးတွေဆို့တက်လာ
သည်ကို ခံစားလိုက်ရသည် ။နောက်တစ်ပိုင်းမှာ
ဘုရားကျောင်းက လူတွေကဇာတ်လိုက်ကို
သတ်ချင်နေပေမယ့်သူတို့မှာ မသေမျိုးနဲ့
တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံမရှိပေ ။
သူတို့တွေ ဇာတ်လိုက်ရဲ့ခေါင်းကိုဖြတ်ပစ်တယ်၊
သူ့ကိုယ်ကို တစ်စစီခုတ်ပစ်ပြီး
ကျန်နေတဲ့ဟာတွေကိုအလောင်းမြုပ်တဲ့ကျင်းထဲ
လွှင့်ပစ်လိုက်ကြသည်။
ဒါပေမယ့်လို့ မသေမျိုးအတွက်ကတော့
သေတယ်ဆိုတာ သာမာန်ပဲ ။ပြောရရင်တော့
သူတို့က ထာဝရရှင်သန်သူတွေ ။ဒါကြောင့်
သေမျိုးတွေကိုသတ်နိုင်တဲ့ အရာတွေက
ဇာတ်လိုက်အတွက်တော့ အကျိုးမသက်
ရောက်နိုင်ဘူး ။အဲဒီည ဇာတ်လိုက်
သူ့ရဲ့အရိုးစုပုံစံကို ပြန်ရတဲ့အချိန်မှာ
သူ့ရဲ့အရိုးခန္တာကိုယ်ကိုကြည့်ပြီး စိတ်တွေအရမ်း
ရှုပ်ထွေးသွားသည်။
ရိုစ့် သူမရဲ့အချစ်ဦးအတွက်ဝမ်းနည်းပူဆွေးကာ
အလောင်းမြုပ်ထားရာသို့ ရောက်လာရာ
သူပြန်ပြီး အသက်ဝင်နေတာကိုမြင်ရတော့
အကြောက်လွန်ပြီး ကြောင်တောင်တောင်
ဖြစ်သွားခဲ့သည်။
ဇာတ်လိုက်က အကြောင်းစုံဖွင့်ပြောပြပြီးနောက်
ကျောင်းကိုပြန်၍ကိစ္စကိုရှင်းပြပြီး သူ့ကို
ကူညီပေးမယ်ဟု ရိုစ့် ကတိပေးခဲ့သည်။
တုကျဲ့  ပါးစပ်ကနေထွက်ကျတောမယ့်
သွေးတွေကို ပြန်ပြီးမျိုချလိုက်သည်။
Authorက ဘယ်လောက်ပဲရေးချင်ရင်တောင်
မူလဝတ္ထုရဲ့အတိုင်းအတာရှိသေးသည်။
ဇာတ်လမ်းက ဒီတိုင်းဖြစ်သွားမယ်ထင်တယ်၊
သူရဲကောင်းနဲ့ ချစ်စရာကောင်မလေးတို့
အတူတူထွက်ပြေးကြမယ် ၊သန်မာလာဖို့
နေရာတစ်ခုမှာ တိတ်တဆိတ်နေမယ်၊
ပြီးရင် ဘုရားကျောင်းကို ပြန်သွားပြီး
အကြီးအကျယ်ပျက်စီးအောင်ကလဲ့စားချေမယ်။
အား..သူဘာလို့ရိုစ့်လို"အိမ်နီးချင်းကောင်မလေး"
ပုံစံကလည်း မောင်းမကောင်းဖြစ်ဖို့စာရင်းဝင်တယ်
ဆိုတာ နားမလည်ခဲ့ရတာလဲ ။
ချက်ချင်းပဲ ရီရယ်ကျီချိုးက တုကျဲ့ ရဲ့
မျှော်လင့်ချက်လေးကို အလဲထိုးပစ်လိုက်သည်။
ဇာတ်လိုက်က ရိုစ့်ကိုစောင့်နေခဲ့ပေမယ့်
သစ္စာဖောက်ခံလိုက်ရသည်။
ရောက်လာတဲသူတွေက ဘုရားကျောင်းက
သူတွေဖြစ်ပြီး ဒီတစ်ခါတော့ သူတို့က
ပြင်ဆင်လာခဲ့ကြသည်။အပို့ခံရတဲ့ဘုန်းကြီးတွေ
အကုန်လုံးက မသေမျိုးကိုသန့်စင်ဖို့
ကျမ်းကျိန်ထားကြသည်။ဒါပေမယ့်
သုသာန်က မသေမျိုးအတွက်တော့
အကျိုးရှိတဲ့နေရာပင် ဖြစ်သည်။အခုထိ သူ
အောက်လမ်းပညာမှာ ဆရာတစ်ဆူ
မဖြစ်သေးပေမယ့်လည်း သူ့ရဲ့
ပင်ကိအသိစိတ်ကတော့ ကျွမ်းကျင်သည်။
ဖုတ်ကောင်တွေအုပ်လိုက်ကြီး နိုးထလာတာ
မြင်တော့ အဲဒီမှာရှိတဲ့သူအားလုံးဇာတ်လိုက်က
မကောင်းဆိုးဝါးဆိုတာ သေချာပေါက်နီးပါးမှန်း
သိလိုက်ရသည်။ အရာအားလုံး
ဖြစ်ပျက်ခဲ့သည်တိုင်အောင် ဇာတ်လိုက်က
ခုချိန်ထိသူတို့ကို မသတ်ရက်ဘဲ
ထွက်ပဲပြေးခဲ့သည်။ဒါပေမယ့်
အခုချိန်မှာ အကုန်လုံးက သူ့ကိုလိုက်ပြီး
ဖမ်းဆီးနေပြီဖြစ်သည်။