Ep 127 & 128(Zawgyi &Unicode)
8.5K 915 148
Chapter 66.1 - ဇာတ်လိုက် : မင်း ဘယ်သူ့ 
ကိုစဉ်းစားတာလဲ ?
တုကျဲ့ ရေချိုးလိုက်သည် ။သူထွက်လာတော့...
ကုတင်ထက်မှာ ထိုင်နေသည့် ရှို့ကို တွေ့ လိုက်ရ
သည် ။နတ်ဆိုးက ကုတင်တိုင်ကိုမှီရင်း ... ‌
‌ခြေထောက်တစ်ဖက်ကို အိပ်ရာပေါ်တင်ကာ
‌နောက်တစ်ဖက်ကိုအောက်သို့ ပုံမှန်အတိုင်းပင်
တွဲလျောင်းချထားခဲ့သည် ။
သူ့ရဲ့ ညာလက်ကို ဒူးပေါ်တင်ထားရင်းနဲ့ ဘယ်လက်
ထဲမှာ ခရမ်း‌ရောင်ဆေးရည်တွေ ပါရှိသည့်ပုလင်း
လေးကို ကိုင်ထားခဲ့သည် ။ ကြည်လင်နေ
သည့်ပုလင်း‌လေးက လရောင်အောက်မှာ
တလက်လက် ‌တောက်ပနေခဲ့သည် ။
တုကျဲ့ ရေချိုးလို့ပြီးတာကိုတွေ့ တော့ ... ရှို့ ရဲ့ 
နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားခဲ့သည် ။
သူ စကားတစ်ခွန်း ‌ပြောလိုက်သည် : "-"
သူဘာပြောလိုက်လဲဆိုတာကို တုကျဲ့ မကြားရပေ
မယ့်လည်း ... ရင်းနှီးနေသည့် ရှို့ ရဲ့ ပါးစပ်အမူအရာ
ကို ကြည့်ရတာ ... အများအားဖြင့်သုံးနေကျ
" လာခဲ့ " ဆိုသည့် စကားဖြစ်လောက်သည် ။
အူကြောင်ကြား ချစ်စရာreader လေးက
ချစ်စရာသခင်လေးကိုဆိုလျှင် အရမ်းကိုနာခံလှ
သည် ။ကုတင်ဘေးနားသို့ သူရောက်ချိန်မှာ ... ရှို့ 
လက်ထဲက ပုလင်းကို တုကျဲ့ ကြည့်ရင်း မေးလိုက်
သည် : " အဲတာဘာလဲ ?"
ရှို့ သူ့လက်ကိုဆန့်ကာ ခုခံကာကွယ်မှုမဲ့နေသည့်
တုကျဲ့ ကို အိပ်ရာထက်သို့ဆွဲတင်ကာ ... တုကျဲ့ 
ရဲ့ ကိုယ်ကို သူ့ ခန္ဓာကိုယ်ဖြင့် အုပ်မိုးလိုက်သည် ။
နတ်‌ဆိုး သူ့လက်တွေကိုသုံးပြီး သူ့ကိုယ်သူ
ထောက်ကန်ကာ တုကျဲ့ အပေါ် အုပ်လိုက်သည် ...
သူ့ရဲ့ အနက်ရောင်ဆံပင်ရှည်တွေက တုကျဲ့ 
ရင်ဘတ်ပေါ်သို့  ပိုးချည်အလား စတိုင်ကျစွာ
ကျဆင်းနေခဲ့သည် ။‌ဆေးရည်ကို ကိုင်ထားရင်းနဲ့ ...
ရှို့ သူ့ရဲ့ လက်ညိုးကိုသုံးကာ တုကျဲ့ ကိုယ်ပေါ်မှာ
အဖြေရေးပေးလိုက်သည် ။
[ မင်း ချက်ချင်းသိလာပါလိမ့်မယ် ]
တောက်ပသည့်လရောင်က ဦးတည်ရာမရှိ
လှည့်လည် သွားလာ‌နေခဲ့သည် ။ရှို့ ရဲ့ မျက်ဝန်းတွေ
‌တောက်ပသထက် တောက်ပလာခဲ့သည် ။ရှို့ ရဲ့ 
ခရမ်းရောင်မျက်ဝန်းရှည်တွေထဲကို တုကျဲ့ 
ကြည့်ရင်း ... ဘာလို့မှန်းမသိပါပဲ အားကောင်း
သည့် အန္တရာယ်အငွေ့ အသက်ကို သူ ခံစားမိ
လာသည် ။သူ မလှုပ်နိုင်ခင်မှာပဲ ... ရှို့ က ပုလင်း
အဆို့ကို သူ့သွားဖြင့် ကိုက်ကာဆွဲထုတ်လိုက်သည်
ကို တွေ့ လိုက်ရသည် ။လေနှင့် ထိသည့်တခဏ
မှာပဲ ... ဆေးရည်က တစ်ဝက်ခဲသွားခဲ့သည် ။
ဆေးပုလင်းထဲကနေ ရနံ့ တစ်မျိုး လျှံထွက်လာခဲ့
ကာ ... လေထဲသို့  ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့ 
သည် ။ထိုရနံ့ က လူတွေကို အရမ်းသက်သောင့်
သက်သာ ဖြစ်စေတာ‌ကြောင့် ... သူ့ခန္ဓာကိုယ်က
‌တောင့်တင်းမှုတွေ ပြေလျော့သွားတာကို တုကျဲ့ 
မသိမထားမိလိုက်ပေ ။