Ep 92( Zawgyi &Unicode)
6.7K 1K 63
Chapter 48.1 - Protagonist: I wanted to do this a long time ago.
" ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်ပါ ။
ဝန်ကြီး မင်းကိုပြဿနာမပေးစေရပါဘူး "
ရှို့ နဲ့ တုကျဲ့ ကို ဂျက် မျက်စိမှိတ်ပြလိုက်သည် ။
" ဒါက ဗွီကို ကျွန်တော့်ဆီပြန်ရောက်လာအောင်
ကူညီပေးတဲ့အတွက် ပြန်ပြီးတုံ့ပြန်တာပါ "
အီနောခ့်ကို ဂျက် ညွှန်ကြားမှုတချို့ ပေးလိုက်
ကာ...ဗွီရိုဒီစ့်ဆီက ပုလင်းကို အီနောခ့် ယူပြီး
အဖြူရောင်ပန်းပွင့်တွေနဲ့ သွေးတွေအပေါ်ကို
ဖြန်းလိုက်သည် ။ ကြောက်မက်ဖွယ်ကောင်းတဲ့
ကိစ္စရပ်ကြီးကို မျက်စိတစ်မှိတ်အတွင်းမှာ ဖြေရှင်း
လို့ပြီးသွားခဲ့ကာ...အစောင့်နှစ်ယောက်အတွက်
သက်သေမြူတစ်မှုံတောင် မကျန်ခဲ့တော့ပေ ။
" ဗွီ နဲ့ ကျွန်တော် လူတွေအရှေ့မှာ ထပ်ပေါ်
မလာတော့ဘူး ။ ဖြစ်နိုင်ရင်... အီနောခ့်ကို
ကျွန်တော့်အစား ဂရုစိုက်ပေးလို့ရမလား?
ဂျက် ပြောလိုက်သည် ။" ကျွန်တော့်ရဲ့ ခပ်တုံးတုံး
တပည့်က နည်းနည်းလေးတော့ လွတ်နေတယ်
ဗျ ။ ကျွန်တော် သူ့ကို စရွေးချယ်ခဲ့ကတည်းက...
အဲကောင်လေးက ကျောက်တုံးအိတ်ထက်ကို
ပိုပြီးတော့လေးလံ ထုံထိုင်းချင်ယောင်ဆောင်နေခဲ့
တာ...ပြီးတော့ သူက မှန်သလား မှားသလား
လည်းမသိဘူး ။ကံကောင်းစွာနဲ့...သူက အရမ်း
ကိုနာခံတတ်လို့ မင်းအတွက် အရမ်းသင့်တော်
မှာပါ "
ရှို့ ကို ဂျက် ကြည့်လိုက်သည်....သူ့ရဲ့ မျက်လုံး
တွေက အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြီး
မြင်ပြီး နားလည်နေပုံပေါ်သည် ။" မင်း သူ့ကို
နယ်ရုပ်လို အသုံးချလို့ရသလို...လူယုံတော်လို့
သဘောထားလို့ဖြစ်ပါတယ် ။ မင်း အဲငတိလေးကို
လုပ်ချင်သလိုလုပ်နိုင်ပါတယ်...ကျွန်တော်
တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်...အဲအရူးကို
မသေတော့မသေစေပါနဲ့ "
" Mixed Blood " ဝတ္ထုထဲမှာ အီနောခ့်က
ရှို့ ရဲ့ အထက်မြက်ဆုံးတပည့်လို့ ပြောလို့ရတဲ့..
အကြောင်းရင်းက ဒါပဲဖြစ်သည် ။မှားလား မှန်လား
ခွဲခြားမနေတဲ့ ကမူးရှူးထိုးနိုင်တဲ့ ညီငယ်နှင့် ရှို့ နဲ့
က လိုက်ဖက်ညီလှတဲ့ပေါင်းစပ်မှုပင်ဖြစ်သည် ။
အီနောခ့်ကို ရှို့ ယုတ်မာတဲ့တစ်စုံတစ်ရာ လုပ်ခိုင်း
တဲ့အချိန်မှာတောင်မှ..သူခိုးက လုပ်ဖို့ရာ တုံ့ဆိုင်း
မနေခဲ့ပေ ။ရှို့ ရဲ့ လူ့အဖွဲ့အစည်းကို ဆန့်ကျင်မှု
လမ်းစဉ်နောက်ကို အီနောခ့် မိုက်မိုက်မဲမဲနှင့်
လိုက်ခဲ့သည်...ဒါ ကြည်နူးဖို့မကောင်းဘူးလား?
တုကျဲ့ ဘာပြောရမလဲမသိပေ...သူခိုးက ချစ်စရာ
သခင်လေးရဲ့ ညာလက်ရုံးဖြစ်နေကောင်းဖြစ်နိုင်
ပေမယ့်...တဖက်လူက စိတ်အနှောင့်အယှက်ဖြစ်
ဖို့ကောင်းသည်ဟု တုကျဲ့ ခံစားရသည် ။