Ep 78(Zawgyi & Unicode)
6.6K 1.1K 49
Chapter 41.1 - Author: Only a pure person can touch a unicorn.
တုကျဲ့ ..ဒီနှစ်ဆို အသက်နှစ်ဆယ်ရှိပြီဖြစ်တဲ့
ယောက်ျားလေးတစ်ယောက်..သူ့ဘဝရဲ့အကြီးမား
ဆုံးသော ပြဿနာကြီးကို မနေ့ကကြုံတွေ့ခဲ့ရ
တယ်: သူအကြိုက်ဆုံး ဝတ္ထုထဲကဇာတ်လိုက်က
သူ့ကို ဖွင့်ပြောခဲ့သည် ။
....စကားလုံးတိုင်းက မဖြစ်နိုင်တာတွေချည်းပဲ!
အဓိပ္ပါယ်မရှိတာ!
တုကျဲ့ ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည် ။တစ်ည
လုံး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့်
အိပ်မပျော်နိုင်ခဲ့ပေ ။
သူ့ခေါင်းထဲမှာ " ချစ်စရာသခင်လေး...ဒါဘယ်လို
လုပ်ပြီးဖြစ်နိုင်မှာလဲ? နိုးထလာပါတော့ !"
သူရဲ့ သုညကနေပြန်စတဲ့စွမ်းအင်ကြောင့် သူ့ရဲ့
မျက်လုံးတွေနဲ့ နားတွေက နဂိုအခြေအနေသို့
ပြန်ရောက်သွားသည့်တိုင်အောင်...သူ့အတွေး
တွေကို မရပ်တန့်နိုင်ခဲ့ပေ ။
ဒီလိုဖြစ်လာရတာက ရှို့ က သူ နှင့်နေသားကျလာ
ပြီး..သူ့ကိုယ်သူ ထင်ယောင်ထင်မှားဖြစ်နေတာ
လို့ပဲ သူတွေးမိသည်..ဒါပေမယ့် ဒါတွေအကုန်လုံး
က ချစ်စရာသခင်လေး သူ့အချစ်စစ်နဲ့ တွေ့ချိန်မှာ
ပြောင်းလဲသွားမှာပဲဖြစ်သည် ။
အူကြောင်ကြား ချစ်စရာကောင်လေးတွေးလိုက်
သည်...အကယ်၍ ဇာတ်ညွှန်းနတ်ဘုရားက
ဝတ္တုထဲကဇာတ်လမ်းတွေနှင့် မှန်လိုတစ်ထပ်တည်း
တူအောင် တွန်းအားပေးလျှင်..လက်နက်ပြိုင်ပွဲ
ရှိလာမှာဖြစ်သည် ။
ဒီလအလယ်လောက်မှာ...ဧကရာဇ်က
လက်နက်ပြိုင်ပွဲကို ကျင်းပပြီး..အရမ်းအရေးပါပြီး
အင်အားကြီးတဲ့ ဒိုင်တွေနှင့် ဧည့်သည်တွေ
အများကြီးကို ဖိတ်ခေါ်လိမ့်မည် ။
Authorရွေးချယ်ထားတဲ့ ဇာတ်လိုက်မင်းသမီး
ဖြစ်သူ - သူတော်စင်မလေး ဗီဗီအန်းလည်း
ထိုနေရာမှာ ရှိနေလောက်သည် ။ရှို့ နှင့်
ဇာတ်လိုက်နဲ့က မတူပေမယ့်လည်း...ချစ်စရာ
သခင်လေးနှင့် ဗီဗီအန်းမှာ အရင်တုန်းက
ကံကြမ္မာရဲ့တွေ့ဆုံမှုလေး ရှိခဲ့ကြသည် ။
ဗီဗီအန်းကို ရှို့ နောက်တစ်ကြိမ်ထပ်တွေ့ချိန်မှာ...
ထိုချစ်စရာညီမလေးကသာ သူ့ရဲ့ အချစ်စစ်
ဆိုတာကို သိလာလိမ့်မည် ။