Ch 10(Zawgi &Unicode)
12.2K 1.7K 62
Chapter 6 – Reader / Protagonist: “MUA1”
မှော်ဝင်သားရဲ (ပြန်အသက်သွင်းကျောက်တုံး) က
ကြောက်ပြီးထွက်ပြေးသွားပြီ...ငါ့ရဲ့ဇာတ်လိုက်
မင်းကို ဘယ်သူကယ်ပေးတော့မှာလဲ ။
သားရဲရဲ့တုံ့ပြန်မှုကိုကြည့်ပြီး တုကျဲ့ တစ်ရာ
ရာခိုင်နှုန်း သေချာသွားတယ်...အဲဒီကြောင်
ပျော်ရွင်တက်ကြွစွာနဲ့ပြန်ပေါ်မလာတော့ဘူးဆိုတာ။
နောက်ကလိုက်ပြီး ဖမ်းဖို့ဆိုတာကလည်း...
ဘယ်လိုခက်ခဲမှုကိုမှမကြုံခဲ့ဘူးတဲ့ အိမ်တွင်းပုန်း
သူလိုလူမျိုးက ကြောင်ကိုမှီအောင်လိုက်ပြီး
‌ပြေးနိုင်ဖို့ လုံးဝမဖြစ်နိုင်ပေ ။
ဇာတ်လိုက်တဖြည်းဖြည်းနဲ့ အားပိုပိုပြီးနည်းလာ
တာကို တွေ့ရတော့...ဇာတ်လိုက်ကိုကယ်ဖို့နည်း
ရှာရန်အတွက် "Mixed Blood"ကို ခက်ခက်
ခဲခဲနဲ့ တုကျဲ့ အသေးစိတ်ပြန်စဉ်းစားကြည့်သည်
ဇာတ်လိုက်ကို ပျောက်ဆုံးနယ်မြေမှာသားရဲက..
ဘယ်လိုကယ်ခဲ့ကြောင်းကို "Mixed Blood"
မှာ အသေးစိတ်ရှင်းပြမထားခဲ့ပေ ။
ပြန်အသက်သွင်းခံရပြီး ဇာတ်လိုက်ကဒီတိုင်း
မျက်လုံးပဲပွင့်လာခဲ့သည်။သားရဲနေရာမှာဝင်ပြီး
ဇာတ်လိုက်ကိုကယ်တင်ဖို့ကြိုးစားနေတဲ့...
readerအတွက်တော့ ဒီအမှန်တရားက
ရက်စက်လွန်းသည်။
Authorကို ကုသမှုလုပ်ငန်းစဉ်အသေးစိတ်
ကို မေးချင်ပါသည်.. ah!ဇာတ်လိုက်က
လူပုံစံနဲ့ဆိုရင်လည်း...CPRကိုနည်းနည်း
သိထားတော့ တုကျဲ့ ကူညီလို့်ရသေးသည်။
ဒါပေမယ့် အရိုးစုကိုCPRသွားလုပ်မယ်ဆိုရင်...
အောက်စီဂျင်တွေက အရိုးတွေကြားကနေပြန်ထွက်
သွားမှာမလား....ခဏနေပါဦး! တုကျဲ့  ရုတ်တရက်
နားလည်လိုက်သည်။"MixedBlood"ထဲမှာ
ဇာတ်လိုက်ဘယ်လို အကယ်ခံလိုက်ရလဲဆိုတာ
မဖော်ပြထားပေမယ့်....ဝတ္ထုနောက်ပိုင်းမှာ
အသေးစိတ်ဖော်ပြထားသည်။
"Mixed Blood"ဇာတ်လမ်းတော်တော်လေး
အရောက်မှာ...ဇာတ်လိုက်ကအရမ်းကို သန်မာတဲ့
ရန်သူနဲ့တွေ့ခဲ့သည်။လစ်ခ်ျ့ ပုံစံကိုသုံးပြီး သူ
ထွက်ပြေးခဲ့ရသည်။အဲအချိန်မှာ မှော်ဝင်သားရဲက
လည်း ဇာတ်လိုက်ဘေးမှာ ရှိမနေခဲ့ပေ။ဇာတ်လိုက်
က မသေပေမယ့်လည်း အရမ်းအားနည်း
သွားခဲ့သည်။ရန်သူက အနီးကပ်လိုက်ပြီး
ဖမ်းဆီးချိန်မှာ...ညီမလေးတစ်ယောက်က သူမရဲ့
အသက်ဝိညာဉ်ကိုစတေးပြီး ဇာတ်လိုက်ကိုနာလန်
ပြန်ထူစေခဲ့သည် ။စစ်ပွဲပြီးဆုံးသွားချိန်မှာ...
ဇာတ်လိုက်က ညီမလေးရဲ့ခန္တာကိုယ်ကိုပွေ့ပိုက်ပြီး...
အိန်ဂျယ်တိုင်းပြည်ကိုသိမ်းပိုက်ဖို့ဆုံးဖြတ်လိုက်သည်။
အဘယ့်ကြောင့်ဆို အိန်ဂျယ်မျိုးနွယ်စုက သေသူကို
ပြန်ရှင်သန်စေနိုင်ကြောင်း သူကြားထားလို့ပင် ။