Ep 45( Zawgyi &Unicode)
7.3K 1.1K 33
Chapter 24.2 – Author: The Flame Lord’s fighting power is only 5
ရှို့ မှော်ဂါထာကိုစရွတ်လိုက်သည် ။မီးလျှံသခင်
အသက်ရှုသွင်းလိုက်ပြီး...ရှို့ ဘက်ကိုအရမ်း
ပူပြင်းလှတဲ့မီးတွေ မှုတ်ထုတ်လိုက်သည် ။ရှို့ အရှေ့
ကိုဗိုင်အိုလက် ခုန်ဝင်လိုက်ပြီး..သူမရဲ့အပြာရောင်
တိုက်ခိုက်မှုအလင်းရောင်က သူတို့နှစ်ယောက်စလုံး
ကိုဖုံးအုပ်ပြီး ကာကွယ်ပေးလိုက်သည် ။မီးတွေက
သူမရဲ့အကာအကွယ်ဒိုင်းကြီးကို ဝင်တိုက်ပြီးနောက်
နှစ်ခြမ်းကွဲသွားခဲ့သည် ။
ရှို့ ရဲ့အနက်ရောင်ဆံပင်ကောက်လေးတွေကို
လေပူတွေတိုက်ခတ်သွားခဲ့သည် ။ချော်ရည်ပူ
ကျောက်တွေနဲ့ မီးတွေရဲ့ အနီရောင်မီးရောင်တွေ
ကြားမှာ လစ်ခ်ျ့ ရဲ့ဖြူဖျော့ဖျော့မျက်နှာလေးက
အနည်းငယ် စိုပြည်နီမြန်းနေပြီး သူ့ကို ကပိုကရိုလေး
လှနေစေခဲ့သည် ။ရှို့ သေမင်းတံစဉ်းကိုလက်ထဲမှာ
ကိုင်ထားပြီး...မှော်ဂါထာရဲ့စာသားတွေကို တည်ငြိမ်
စွာနဲ့ဆက်ရွတ်နေလိုက်သည် ။
ချော်ရည်ဥမင်အောက်ခြေက တုကျဲ့ ကတော့...
သူတို့တွေရဲ့တိုက်ခိုက်မှုတွေကိုကြည့်ပြီး အရမ်းပဲ
အထင်ကြီးလေးစားနေမိသည် ။ယောက်ျားလေး
တစ်ယောက်အနေနဲ့ တိုက်ပွဲကိုကြည့်ရင်းစိတ်တက်
ကြွကာ သူလည်းဝင်ပြီးတော့တိုက်ခိုက်ချင်ပေမယ့်
လည်း သူကထောင့်လေးမှာပဲ ကျိုးကျိုးနွံနွံနဲ့ ထိုင်
ရင်း အကုန်လုံးကိုကြည့်ရုံပဲကြည့်နေနိုင်ခဲ့သည် ။
သူက အားနည်းတဲ့သူဖြစ်ရုံတင်မကဲ reader
သက်သက်သာ ဖြစ်၍ဖြစ်သည် ။Readerရဲ့နေရာ
က ဇာတ်လိုက်ရဲ့ဖျော်ဖြေမှုကိုကြည့်ပြီး...အပြင်ဘက်
ကနေ ပန်းတွေကြဲချပေးရုံသက်သက်ပဲဖြစ်သည်။
ပိုပိုပြီးပြင်းထန်လာတဲ့ မီးမှုတ်ထုတ်မှုတွေနဲ့ ချော်ရည်
ပူကျောက် မကောင်းဆိုးဝါးရဲ့တိုက်ခိုက်မှုက...
ဗိုင်အိုလက်အတွက် ခုခံဖို့ရာပိုပိုပြီးခက်ခဲလာခဲ့သည်။
ရှို့ ကအရမ်းအင်အားကြီးတဲ့မှော်ဂါထာကို ရွတ်ဆိုနေ
သောကြောင့် ဂါထာမန်းမှုတ်နေတဲ့အချိန်က
တော်တော်လေးကြာမြင့်သည် ။ဗိုင်အိုလက် လဲကျ
သွားတော့မယ့်အချိန်မှာပဲ...ရှို့ သူ့ရဲ့မှုန်ရီပြီးငြိမ်သက်
နေတဲ့မျက်ဝန်းတွေနဲ့ မီးလျှံသခင်ကိုစိုက်ကြည့်ကာ
သူ့ရဲ့အက်ရှရှအသံနဲ့ဂါထာရဲ့ နောက်ဆုံးစကားလုံး
တွေကို ရွတ်လိုက်သည်..."...အရိုးလှံတံတွေနဲ့
ထိုးဖောက် " ။