Ep 86(Zawgyi & Unicode)
6.7K 1K 121
Chapter 45.1 - Reader: Selling out teammates.
" ကြယ်ရောင်ဇာတ်အဖွဲ့ ကို ခင်ဗျား သိလား?
အဲအဖွဲ့ က အခုပျက်စီးကုန်းမြေမှာ နာမည်
အကြီးဆုံးသရုပ်ဆောင်အဖွဲ့ ပဲ ။ သူတို့က အခု
ခေါင်းဆောင်မင်းသားနေရာကလုပ်မယ့် သရုပ်
ဆောင်တစ်ယောက်ကို လိုက်ရှာနေတာ ။
ခင်ဗျားနဲ့ အရမ်းသင့်တော်တယ်လို့ ကျွန်တော်
ထင်တယ်...ခင်ဗျားက တော်တော်လေးကို
ကြည့်ကောင်းတာဗျ ။ ဇာတ်လိုက်နေရာမှာ
ခင်ဗျား သရုပ်ဆောင်ချင်တယ်ဆိုရင်...ပေးမယ့်
အခကြေးငွေကလည်း အရမ်းကိုကောင်းတာ ။
ခင်ဗျား စဉ်းစားကြည့်ပေးနိုင်မလား? "
ရှို့ ရဲ့ ရေခဲလိုအေးစက်စက်အကြည့်အောက်မှာ
အီနောခ့် ဘယ်လိုမှကိုမနေခဲ့ပေ ။သူခိုးရဲ့
ပင်ကိုယ်စရိုက်ကိုက အမြဲတမ်းစိတ်လိုက်မာန်ပါ
ုပြုလုပ်တတ်တာဖြစ်ပြီးတော့...သူက သူစိမ်းတွေ
နှင့် အမြန်ရင်းနှီးလွယ်တဲ့သူမျိုးထဲကဖြစ်သည် ။
ငွေရောင်ဆံပင်နဲ့ နတ်သူငယ်ကို မြင်လိုက်ရတဲ့
တစ်ခဏမှာ...ထိုနတ်သူငယ်ထက် လောကကြီး
မှာ အလှဆုံးသူဖြစ်တဲ့ စီဆယ်လ်နဲ့ တူနိုင်တဲ့
သက်ရှိ မရှိတော့ဘူးဆိုတာ အီနောခ့်
အခိုင်အမာယုံကြည်သွားခဲ့မိသည် ။
ထို့ကြောင့် သူ့အဖော်ကို အီနောခ့် ချန်ထားခဲ့ပြီး
တော့...နတ်သူငယ်ကို ချဉ်းကပ်မြှူဆွယ်ရန်
ချက်ချင်းအပြေးသွားခဲ့သည် ။ဒါပေမယ့် အခု
အီနောခ့် နည်းနည်းစိတ်ဓာတ်ကျနေမိသည် ။
သူ့တောင်းဆိုမှုက ရုတ်ခြည်းကြီးဆိုပေမယ့်လည်း
...နတ်သူငယ်ရဲ့ အေးတိအေးစက်မျက်နှာထား
က လူသတ်ချင်တဲ့ခံစားချက်ကို ပေးနေသလား
လို့?
အန္တရယ်က အနားမှာရှိနေတဲ့ ခံစားချက်...
ဆံပင်အတိုနဲ့ သူခိုး အလိုအလျောက်သူ့ခန္တာကိုယ်
ကို တောင့်လိုက်မိကာ...သူ့ရဲ့ ပညာရှင်ဆန်တဲ့
ပင်ကိုယ်အသိစိတ်က ထွက်ပြေးဖို့ရာ
လမ်းကြောင်းကို စတင်ရှာဖွေတော့သည် ။
ဘေးပတ်ဝန်းကျင်ကို မျက်လုံးတွေဝေ့ကြည့်
လိုက်တော့...သူ တုကျဲ့ ကို တွေ့လိုက်ရသည် ။
အီနောခ့် ရပ်တန့်သွားပြီးနောက် တုကျဲ့ ကို
စိုက်ကြည့်လိုက်မိသည် ။ သူ့ရဲ့ အာရုံတွေက
ငွေရောင်ဆံပင်နဲ့ နတ်သူငယ်ဆီမှာပဲ ရောက်နေ
ခဲ့သောကြောင့် သူ့မှာအဖော်တစ်ယောက်ရှိနေ
တာကို သတိမထားခဲ့မိပေ...ပြီးတော့ အဲဒီ
အဖော်က -