Ep 33( Zawgyi &Unicode)
8K 1.1K 51
Chapter 18.1 – Protagonist: Give it back to me
ဟယ်ပက်စ်မြို့သခင်ရဲ့ အသက်မပါတဲ့အကြည့်တွေ
အောက်က ခရမ်းရောင်မျက်ဝန်းနဲ့သူက အန္တရာယ်
ပြုမယ့်အပြုံးမျိုး ပြုံးနေခဲ့သည် ။ဟယ်ပက်စ်မြို့သခင်
ရဲ့ နှလုံးသားကို ပြင်းထန်တဲ့ဘေးကျပ်နံကျပ်ဖြစ်မှုက
ရိုက်ခတ်လာခဲ့သည် ။သူနောက်ပြန်ဆုတ်လိုက်သင့်
တာကိုသိပေမယ့်...သူ့လက်ထဲကမှော်ဓားက သူ့ကို
လွှတ်မပေးပေ ။ဘယ်လိုလုပ်ပြီး မှော်ဆရာတစ်
ယောက်က စစ်သည်တော်နဲ့ယှဉ်ပြီး ဓားကိုရင်ဆိုင်
တိုက်ခိုက်နိုင်ရတာလဲ ?
ဘာလို့မှန်းမသိပေမယ့်.. ဒီိနတ်ဆိုးဓားကိုလက်လွှတ်
လိုက်ဖို့ ဟယ်ပက်စ်မြို့သခင်တုံ့ဆိုင်းနေခဲ့သည် ။
သူနောက်ပြန်မဆုတ်လိုက်တဲ့ရလဒ်က သေစေ
နိုင်လောက်တဲ့အဖြစ်ကို ဖြစ်ပေါ်စေခဲ့သည် ။သူ့ခါး
နေရာကနေပြီး နာကျင်မှုကိုခံစားလိုက်ရသည်။
ကျောက်အရေပြားမှော်ပညာကို သူသုံးထားပေမယ့်
လည်း...ထိုဟာက သူ့ရဲ့ကျောက်အရေပြားကိုခွဲပြီး
သူ့ရဲ့အသွေးအသားတွေကို ဖြတ်တောက်ကာ...
သူ့ရဲ့အူတွေကိုပင် ဆွဲနုတ်တော့မလိုဖြစ်ခဲ့သည် ။
သေလုနီးပါးအတွေ့အကြုံကိုခံစားလိုက်ရမှ...ဆန္ဒ
တောက်လောင်နေသောနတ်ဆိုးဓားကို မြို့သခင်
လွှတ်တော့သည် ။သူဓားကိုလွှတ်လိုက်ပြီး...တခြား
တစ်ဖက်ကို အသားလုံးကြီးလိမ့်သွားသလို လိမ့်ပြီး
တိုက်ခိုက်မှုကို ရှောင်လိုက်သည် ။သူ သေခြင်းနဲ့ 
ကပ်သီလေး ဘယ်တုန်းကမှမကြုံခဲ့ရဘူးပေ။
ရှင်သန်ဖို့ရာအတွက်...မြေပြင်ပေါ်မှာလဲနေရင်းကပင်
မှော်ဂါထာတွေကိုရွတ်လိုက်ပြီး..မြေပြင်ကနေ
မရေတွက်နိုင်လောက်အောင်ဆူးတွေ ထွက်ပေါ်လာ
အောင်လုပ်လိုက်သည် ။ထိုလုပ်ရပ်က မြို့သခင်ရဲ့
အသက်ကိုကယ်တင်ခဲ့သည် ။
တိုက်ခိုက်တဲ့သူက တောက်ခေါက်လိုက်ပြီး...သူ့ရဲ့
မကျေနပ်မှုကို ဖော်ပြလိုက်သည် ။သူ့လက်ကို
ယမ်းလိုက်ပြီး.. မြို့သခင်ရဲ့ဗိုက်ထဲကဆွဲနုတ်ထား
တဲ့သွေးနဲ့ အသားတွေကိုခါပစ်လိုက်သည် ။
လက်တစ်ဖက်နဲ့ အခုထိမေ့မျောနေသေးတဲ့
ဆံပင်အနက်နဲ့ကောင်လေးကို ပွေ့လိုက်ပြီး...နောက်
တစ်ဖက်က နတ်ဆိုးဓားကိုကောက်ကိုင်လိုက်သည်။