Ep 121& 122(Zawgyi & Unicode)
6.2K 902 140
Chapter 63.1 - Author: နတ်ဘုရားတွေ
ရဲ့နေဝင်ချိန် ။
အလင်းမှော်စာ ချည်ပတ်ထားတာတွေ ဖြေလျော့
လာခဲ့ကာ... အလင်းပင်လယ်ထဲသို့စတင်
ပျောက်ကွယ်သွားတော့သည် ။သူ့လက်စွမ်း၏
ရလဒ်ကို Soth ကျေနပ်အားရစွာနဲ့ ကြည့်လိုက်
သည် ။အားထုတ်မှု‌တွေ အများကြီးစိုက်ခဲ့ရသော်
လည်း နောက်ဆုံးမှာတော့ သူ ချိတ်ပိတ်ထားတာ
ကို ဖွင့်နိုင်ခဲ့သည် ။
မှော်စာတွေ ကွယ်ပျောက်လာချိန်မှာ ...
ကြီးမားသည့် လင်းနို့ လို အတောင်ပံတွေ အနည်း
ငယ်လှုပ်လာခဲ့ပြီးနောက် မှော်စာရဲ့ ကျန်ရှိနေသေး
သည့် အကြွင်းအကျန်တွေကို တစ်စစီပြန့်ကျဲသွား
စေခဲ့သည် ။
ပထမဆုံးသော နတ်ဆိုး နတ်ဘုရား ဒေါသတွေ
နှင့် တောက်လောက်နေသည့် အနက်ရောင်
‌ရောက်လုနီးပါး ခရမ်းရင့်ရောင်ရောစပ်နေသည့်
သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။
ထိုမျက်ဝန်းတွေ၏ အကြည့်နှင့်ဆုံလိုက်လျှင်
လူကို အသက်ရှုရပ်သွားသလို ခံစားရပြီး ဆွံ့ အ
ကာ ထိတ်လန့်မှုတွေနှင့် ကြီးစိုးသွားစေသည် ။
" လူသားမျိုးနွယ်ရဲ့ နတ်ဘုရား ?" ဘေစ်းရဲ့ အသံ
က ‌ခက်ထန်ကာ မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ်
မြည်ဟီးသွားခဲ့သည် ။
" ဘရိုက် ဘယ်မှာလဲ ?"
ဘရိုက်က အလင်းနတ်ဘုရား၏အမည်အရင်းဖြစ်
သည် ။ပထမဆုံးသော နတ်ဆိုး နတ်ဘုရားသာ
လျှင် အလင်းနတ်ဘုရား၏ နာမည်ကို ခေါ်ရဲသည် ။
သစ်သားတောင်ဝှေးရှည်ကို Soth ‌မြှောက်လိုက်
တော့ ... ထိပ်မှာရှိသည့် ခရစ်စတယ်ထဲမှာ
စစ်နတ်ဘုရားရယ် နတ်ဆိုး နတ်ဘုရားတွေနှင့်
တိုက်ခိုက်နေသည့် အလင်းနတ်ဘုရားကို ပြသနေ
ခဲ့သည် ။ပြသမှုက ထို့နောက်အကျယ်ချဲ့ လာခဲ့ကာ
ရှို့ ပါ ပါလာခဲ့သည် .. ဘေစ်းကို Soth ပြောလိုက်
သည် :" အလင်းနတ်ဘုရားက ခင်ဗျားရဲ့ မျိုးဆက်
ကို တိုက်ခိုက်နေတာ "
အတော်ကို အကျွမ်းတဝင်ရှိလှသည့် ရှို့ ကို ဘေစ်း
စိုက်ကြည့်လိုက်သည် ။သူ့မျက်လုံးတွေက အလွန်
ပင်‌သောကရောက်နေခဲ့သည် ။ ထို့နောက် Soth
ဘက်သို့ သူ လှည့်ကာပြောလိုက်သည် :
"မင်း ငါ့ကိုလွှတ်ပေးခဲ့ကာ... အလင်းနတ်ဘုရား
ကို အနိုင်ယူစေချင်လို့မလား ?"