Ep 42(Zawgyi & Unicode)
7.9K 1.2K 40
Chapter 23.1 - Reader: I've already taken off my pants, and this is what you show me?!
အဲလစ်က ကုတင်ကိုမှီလိုက်တော့..ဗိုင်အိုလက်
မခွာချင်ဘဲခွာလိုက်ရသည် ။အဲလစ်လက်ကို သူမ
ကိုင်လိုက်ပြီး တုကျဲ့ နဲ့ ရှို့ ဘက်ကိုလှည့်ကာ နီရဲနေ
တဲ့သူမမျက်လုံးတွေကို ရှက်ရှက်နဲ့ ပွတ်ရင်း...
"ရှင်တို့ ရယ်ချင်လည်းရပါတယ်...ဒါ ကျွန်မညီမ
အဲလစ်ပါ..ကျွန်မရဲ့ကြင်ရာလည်းဖြစ်သူပါ ။
ညီမလေး...မင်းကအရမ်းရဲရင့်တာပဲ!ထိုအကြောင်း
ကိုတွေးလိုက်တိုင်း တုကျဲ့ ခေါင်းကိုက်သည် ။
ဗိုင်အိုလက်က အဲလစ်နဲ့ သူမရဲ့ဆက်ဆံရေးကို
အခုလိုပွင့်ပွင့်လင်းလင်းဖွင့်ချရဲတာ..သူတို့
နှစ်ယောက်နမ်းတာကိုတွေ့သွားလို့ပဲ ဖြစ်ရမည်ဟု
သူခန့်မှန်းမိလိုက်သည် ။အခု သူတို့တွေကတားမြစ်
ထားတဲ့အရာကို အတူတူချိုးဖောက်နေကြတဲ့
သူငယ်ချင်းကောင်းတွေလို့ သူမထင်သွားပြီဖြစ်
သည် ။
တုကျဲ့ အခုစိုးရိမ်လာခဲ့သည် ...ဇာတ်လိုက်ရဲ့
"ကောက်နေတဲ့ညီအစ်မတွေကို ပြန်ဖြောင့် "ရမယ့်
လမ်းကြောင်းကဖရိုဖရဲဖြစ်သွားပြီဖြစ်သည်!
ညီအစ်မတွေရဲ့ သူ့အပေါ်နှစ်သက်မှုရာခိုင်နှုန်းကို
တိုးစေမယ့်"အလှလေးကို ဟီးရိုးကကယ်တင်ခြင်း"
နဲ့ "သိပ္ပံနည်းကျ ကုသမှု "ကိုလုပ်ဆောင်ဖို့ရန်
ဇာတ်လိုက်က ကျဆုံးသွားခဲ့ပြီ ။
ဇာတ်လိုက် ..မင်း သိမ်းထားတဲ့fileကိုဖျက်ပြီး
ပြန်ဆော့လို့ရသေးတယ်လေ ။
တုကျဲ့ တုန်လှုပ်ချောက်ခြားနေခဲ့သည် ။သူ ရှို့ ကို
ကြည့်လိုက်တော့...တဖက်လူကလည်း သူ့ကိုကြည့်
နေခဲ့တာကိုတွေ့လိုက်ရသည် ။လစ်ခ်ျ့ ရဲ့အာရုံတွေ
အကုန်လုံးက သူ့ဆီမှာဖြစ်ပြီး...သူ့မျက်လုံးတွေက
အရမ်းကိုလေးနက်နေခဲ့သည် ၊သူဘယ်လောက်
ကြာအောင် စိုက်ကြည့်ခံနေခဲ့ရမှန်းတုကျဲ့ မသိပေ ။
ရှို့ တည်ငြိမ်စွာနဲ့ အကြည့်ပြန်မလွှဲသွားခင်မှာ သူတို့
မျက်လုံးတွေဆုံသွားခဲ့သည် ။
တုကျဲ့ : ?
တုကျဲ့ နဲ့ ရှို့ ကို သူ့ညီမအားမိတ်ဆက်ပေးနေသလို
မျိုး ဗိုင်အိုလက်က အဲလစ်ကိုစကားအချို့တီးတိုး
ပြောလိုက်သည် ။အဲလစ်က သူစိမ်းနှစ်ယောက်ကို
ရှက်ရွံ့ စွာနဲ့ပြုံးပြလာခဲ့သည် ။သူမအစ်မထက် သူမ
ကအေးအေးဆေးဆေးနေတတ်ပုံပေါ်ပြီး..
ဗိုင်အိုလက်ကိုသာ စကားပြောခိုင်းခဲ့သည်။