Ep 133 &134(Zawgyi &Unicode)
5K 771 81
Chapter 69.1
နတ်ဘုရားမျှော်စင် : မသေမျိုးကပ်ဘေးဆိုက်ခြင်း
ဘေစ်းကို တုကျဲ့ ဒါနဲ့ဆိုရင် နှစ်ခါမြောက်မြင်ဖူး
ခြင်းပင်  ။အမြန်လာပြီးတော့ ပြန်ထွက်သွားခဲ့တဲ့
အချိန်ကနဲ့ ယှဉ်ရင်တော့ ... အခုက ဒဏ္ဍာရီလာ
ပထမဦးဆုံးသော နတ်ဆိုး နတ်ဘုရားကို တုကျဲ့ 
အသေအချာကို ကြည့်ချိန်ရတာဖြစ်သည် ။
သူတို့နဲ့ မျက်နှာချင်းဆိုင်မှာတော့ ... ဘေစ်းက
လူတိုင်းအ‌ရှေ့ မှာ မားမားမတ်မတ်တည်ရှိနေသည့်
တောင်တန်းကြီးလိုပင် - သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ
အသွင်အပြင်ကြောင့်မဟုတ်ဘဲ ခံ့ညားထည်ဝါသည့်
ဟန်အမူအရာ‌ကြောင့်ဖြစ်သည် ။သူ့မှာ ရှို့ နှင့်
တစ်ပုံစံတည်းဖြစ်သော နှစ်မီတာမျှရှည်လျားသည့်
ချိုကောက်ကြီးတွေရှိကာ အနက်ရောင်လို့ပင်
အထင်မှားစေလောက်အောင် နက်မှောင်သည့်
ခရမ်းရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည် ။
နတ်ဆိုးတစ်ကောင်၏ မျက်လုံးအရောင် နက်မှောင်
မှုက နတ်ဆိုး၏စွမ်းအား သင်္ကေတဖြစ်သည် ။
မျက်လုံး‌တွေပိုနက်လေ ပိုစွမ်းအားကြီးလေဖြစ်
သည်။နတ်‌ဆိုး နတ်ဘုရားက ဧကရာဇ်တစ်ပါး
အလား ပြိုင်ကွင်းအလည်မှာ ငွားငွားစွင့်စွင့်ရပ်ကာ
လူတွေအား သူတို့၏အရေးမပါ အရာမရောက်မှု
ကို ရင်ထဲကနေ သဘောပေါက်လာ‌စေသည် ။
ရှို့ ၏ အနာဂတ်သွင်ပြင်ကို ကြည့်နေသကဲ့သို့
ဘေစ်းကို တုကျဲ့ ကြည့်နေမိသည် ။‌ဘေစ်းက ရှို့ 
၏ အဘေးဖြစ်ပေမယ့် ... သူတို့ရဲ့ မျက်နှာတွေက
အတော်လေးကိုဆင်တူတာကြောင့် အဖေနှင့်သား
လိုပင်ဖြစ်နေခဲ့သည် ။ သူ့ကို သူတို့တွေနောက်ဆုံး
အကြိမ်တွေ့ ခဲ့ကြတုန်းက အလင်းနတ်ဘုရားနှင့်
‌ဘေစ်း အတူသေသွားကြတာကို တုကျဲ့ စဉ်းစား
လိုက်မိသည် ။ အဲတာက အနည်းနဲ့ ‌အများတော့
ရှို့ ကြောင့်ပဲမလား ? ဒါကြောင့်မို့ ဘယ်လီယယ်လို
မျိုးပဲ ဘေစ်းက သူတို့ကို ဖြတ်သွားခိုင်းမှာများ
လား ?ခံစားချက်ပိုင်းရော စွမ်းအားပိုင်းနဲ့ရော
‌ဘေစ်းက ရှိန်လောက်သည့် အဟန့်အတားပင် ။
ဒီတစ်ကြိမ်မှာတော့ ပြိုင်ကွင်းက တိတ်ဆိတ်နေခဲ့
သည် ။ အဦးဆုံးသော နတ်ဆိုး နတ်ဘုရားဆီက
‌နေထုတ်လွှတ်နေသည့် ဖိအားတွေကြောင့် အသက်
ရှုဖို့ရာပင် ခက်ခဲလှသည် ။ဘေစ်းက ရှို့ ကို
‌တောက်လျှောက်ကြည့်နေခဲ့သည်။သူ့မျက်ဝန်းတွေ
က နက်မှောင်နေခဲ့ကာ သူတို့ဆီကနေဘာကိုမှ
မမြင်ရပေ ။