Ch 5( Zawgi & Unicode )
15.7K 1.9K 69
Chapter 3.1 – Reader: I1 crossed over into another world…
တုကျဲ့  ကီးဘုတ်ကိုအမြန်ရိုက်လိုက်သည်။
harem YY novelကောင်းတစ်ခုက
ဘာသဘောလဲ..ဟမ် ။ ဇာတ်လမ်းက
ပျက်စီးသွားပြီ ။အဲဒီမှာ ဘုရားသခင်
မရှိတော့ဘူးလား ။fu** ..အားးး..။တုကျဲ့ 
အရမ်းကို တုန်လှုပ်ခြောက်ခြားပြီး
authorကိုကျိန်ဆဲနေမိသည်။လိပ်စာ ရှာရမယ်။
authorရဲ့ လိပ်စာ.. ။ဒီတပည့် အဖွဲ့တစ်ခု
တည်ထောင်ပြီး authorကိုထိပ်တိုက်တွေ့ချင်
သည်။
အဲဒီတခဏမှာပဲ တုကျဲ့ တကယ်ကိုသရဲအဖြစ်
အဆင့်မြင့်သွားပြီး internetကေဘယ်ကြိုး
ကနေတစ်ဆင့် တွားသွားထွက်လာပြီး
သူနဲ့အတူသေအောင် လုပ်ပစ်ချင်မိသည်။
Authorက သနားစရာဇာတ်လိုက်လေးကို
နှိပ်စက်နေပါသည် ။ သတ်ပစ်မယ်..သတ်ပစ်မယ်
..သတ်ပစ်မယ်...သတ်ပစ်မယ်.။
တုကျဲ့  သူရဲ့ဒေါသတွေကို ထိန်းနိုင်တယ်ဆိုရုံ
ထိန်းပြီး home pageရဲ့commentကဏ္ဍ
ကို ဖွင့်လိုက်သည်။ ထင်တဲ့အတိုင်းပဲ
commentsတွေ ဗရမ်းဗတာဖြစ်နေကြပြီ။
"Mixed Blood"ရဲ့ readerတွေအားလုံး
နီးပါး ဇာတ်လမ်းတစ်ဆစ်ချိုးပြောင်းသွားတာကို
မကျေမနပ်ဖြစ်နေကြသည်။
လူပေါင်းများစွာက authorကိုဖိအားပေးခံ
ထားရသည်လားဟု မေးနေကြသည်။
Commentပေးတဲ့နေရာမှာ readerတွေ
အများကြီးကတောင်းပန်လိုက် ချစ်စရာကောင်း
အောင် လုပ်ပြလိုက်နဲ့ authorကိုနှိုပ်စက်တာ
ရပ်တန့်ရန် ကြိုးစားနေကြသည်။
"Mixed Blood"ရဲ့ဇာတ်လမ်းကအခုတော့
အရမ်းကို ထိတ်လန့်စရာကောင်းလွန်းလို့
ဒီထက်ပိုပြီး အခြေအနေဆိုးစရာအကြောင်း
မရှိတော့ပေ။
ဒါပေမဲ့readersတွေ ဘယ်လောက်ပဲ
အသနားခံခံ ၊ ခြိမ်းခြောက်ခြိမ်းခြောက်...
သူကတော့ နည်းနည်းလေးမှကိုတုန်လှုပ်မသွားပေ။
ဇာတ်လမ်းက ကမောက်ကမဖြစ်နေဆဲပင်ဖြစ်သည်။
တုကျဲ့  မောက်စ်ရွေ့နေတာကိုရပ်လိုက်သည်။
သူ့အတွက် အရာအားလုံးကိုအစပျိုးခဲ့တဲ့
commentကို သူကြည့်လိုက်သည်။
အရာအားလုံးက ချာချာလည်လို့နေခဲ့သည်။
တုကျဲ့ commentsတွေ ဖတ်လိုက်သည်။
[.....
User[Carp]LZ ဒါမင်းဖြစ်စေချင်ခဲ့တာမလား
User[မှန်ရဲ့ပိုင်ရှင်] :ဝေါ့..ချုံကိုလွှမ်းမိုးနိုင်
ရအောင် အဲအကောင်ကဘာကောင်မို့လို့လဲ ။
…..]