Ep 83( Zawgyi & Unicode)
6.6K 1.1K 135
Chapter 43.2 - Reader: Wine can warm you up.
ရှို့ ခေါင်းငြိမ့်လိုက်မှ...အက်ဒီ သက်ပြင်းချလိုက်
မိကာ...ယာယီစခန်းချဖို့ အမြန်ပြင်ဆင်လိုက်
သည် ။ ယောက်ျားနှစ်ယောက်ထိုင်ချပြီး မျက်နှာ
ချင်းဆိုင်ဖြစ်နေကြပေမယ့် သူ့တို့ကို မမြင်နိုင်တဲ့
နယ်သတ်မျဉ်းက ခြားနားထားခဲ့သည် ။
အက်ဒီ တစ်ဖက်က ရေခဲပန်းဆွဲအဖြစ်သို့
ပြောင်းလဲအေးခဲနေတဲ့ အူကြောင်ကြား ချစ်စရာ
ဘောလုံးလေးကိုကြည့်လိုက်ပြီးနောက်...သူ့
အထုပ်ထဲက စစ်သုံးရေဘူးလေးကိုထုတ်လိုက်
သည် ။
" တစ်ငုံလောက်သောက်လိုက်ပါ...မင်းကို
နွေးသွားစေလိမ့်မယ် "
စစ်သုံးရေဘူးကိုယူလိုက်တဲ့သူက ရှို့ ဖြစ်သည် ။
အဖုံးကိုလှည့်ဖွင့်ပြီးကြည့်လိုက်တော့...အဲထဲမှာ
ဝိုင်တွေပြည့်နေတာကို ရှို့ တွေ့လိုက်ရသည် ။
ရှို့ တစ်ငုံသောက်လိုက်ပြီးနောက် သူ့ကိုပေးလာ
တာကို တုကျဲ့ မြင်လိုက်ရသည် ။ သဘောတူတဲ့
ပုံလား?
တုကျဲ့ က သောက်ခဲသည် ။ ပုံမှန်အားဖြင့်
အားလပ်ရပ်တွေမှာ သူ့မိဘတွေနဲ့အတူ သူ
တစ်ငုံစာအနည်းငယ်လောက် သောက်လေ့ရှိ
သည် ။ဝိုင်က ခန္တာကိုယ်ကိုနွေးထွေးသွားသည့်
ခံစားချက်ကိုပေးစွမ်းနိုင်သည်...ပြီးတော့ တုကျဲ့ 
အရမ်းကိုအေးနေပြီဖြစ်တာမို့...စစ်သုံးရေဘူးလေး
ကို သူ ယူလိုက်ပြီးနောက် သောက်လိုက်သည် ။
ဝိုင်ပထမဆုံးတစ်ငုံက သစ်သီးရနံ့နဲ့ အတိဖြစ်
သည်။အရမ်းပြင်းပုံမရဘဲ...တုကျဲ့ လို သောက်တဲ့
နေရာမှာ အူရိုင်းတောင်မှ သောက်လို့ကောင်း
သည်ဟု ခံစားရသည် ။အက်ဒီ သက်ပြင်းချလိုက်
မိသည် ။ ဘာလို့မှန်းမသိ ထိုလူနှစ်ယောက်ရဲ့
အမုန်းကို ခံနေရသည်ဟု သူအမြဲခံစားနေမိသည် ။
သူ့အိတ်ထဲကနေ နောက်ထပ်စစ်သုံးရေဘူးလေး
ကို အက်ဒီ ထုတ်လိုက်သည် ။ ရှို့ က အေးတိ
အေးစက်နဲ့ ငြင်းလိုက်သောကြောင့်...ခဲရောင်
ဆံပင်နှင့်ကောင်လေးလည်း စပြီးတော့သောက်
လိုက်သည် ။
နှင်းဖုံးလွှမ်းနေတဲ့တောင်တန်းတွေက ညဘက်မှာ
အရမ်းကိုတိတ်ဆိတ်သည် ။ လနှစ်စင်းက ပူးကပ်
နေကြပြီးတော့ လရောင်က အရမ်းတောက်ပနေ
ခဲ့သည် ။