Ep 135 & 136(Zawgyi & Unicode)
5.5K 728 90
Chapter 70.1 – Reader: ပြဿနာမရှာတဲ့
လူတွေက မသေဘူး
( အဓိပ္ပါယ်ကတော့ မင်းသာဗရုတ်သုတ်ခ‌တွေ
မလုပ်ရင် သူတို့ပြန်လာပြီးတော့ မင်းဖင်ကို
ကိုက်မှာမဟုတ်ဘူး ။ မင်းလုပ်ရင်တော့
သူတို့လည်း‌သေချာပေါက် လုပ်လိမ့်မယ် ။ ကိုယ့်
ဟာကိုအေးဆေးနေရင် ဘာမှမဖြစ်ဘူးဆိုတဲ့
သဘောပါပဲ ။ " no zuo no die "
人不作死就不会死 တရုတ်မှာ အရမ်း
နာမည်ကြီးတဲ့ meme တစ်ခုပါ )
လွန်ခဲ့တဲ့ နှစ်ပေါင်း 600 ‌လောက်က ... လူးဝစ်
လို့ခေါ်သည့် မသေမျိုးတစ်ကောင် ပျောက်ဆုံး
နယ်မြေထဲကထွက်လာခဲ့ကာ ကပ်ရောဂါပျံ့ နှံ့ 
စေပြီး သက်ရှိတွေကို သတ်ဖြတ်ကာ မသေမျိုး
စစ်တပ်ကို ဖွဲ့စည်းခဲ့သည် ။
ထိုကာလအတွင်းမှာ မြို့တစ်မြို့ကို မသေမျိုးတွေ
" စား "လိုက်လျှင် အသက်ရှင်ကျန်ရစ်သူ လုံးဝ
မရှိခဲ့ပေ ။ထိတ်လန့်ခြောက်ခြားနေရတဲ့ လူသား
‌တွေ မသေမျိုးတွေကို မတားဆီးနိုင်ခဲ့ကြပေ ...
သဘာဝဘေးအန္တရာယ်ကြီးလိုဖြစ်နေကာ မသေမျိုး
‌တွေဆီကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသော
နည်းလမ်းက ထွက်ပြေးခြင်းပဲဖြစ်သည် ။
ထို့ကြောင့် ထိုအစုလိုက်အပြုံလိုက် သတ်ခံခဲ့ရခြင်း
ကို " မသေမျိုးကပ်ဘေးဆိုက်ကပ်ခြင်း "ဟု ခေါ်
တွင်ခဲ့ကာ လစ်ခ်ျလူးဝစ်ကတော့ " သေခြင်း
နတ်ဘုရား"ဆိုသည့် အမည်နာမကိုရရှိသွား
ခဲ့သည် ။
ကပ်ဘေးကြောင့် အင်ပါယာသုံးခုစလုံး သူတို့ရဲ့ 
လူဦးရေထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရကာ မြို့တွေ၏
သုံးပုံပုံရင်တစ်ပုံမှာ ဖျက်ဆီးခံခဲ့ရသည် ။ နောက်
မျိုးဆက်တွေ ဘယ်နေရာကနေလာတဲ့သူတွေပဲ
ဖြစ်ပါစေ ... လစ်ခ်ျလူးဝစ်အကြောင်းကို ပြောချိန်
မှာ မျက်နှာတွေ ဖြူဖပ်ဖြူလျော်ဖြစ်သွားကြသည် ။
ထိုအကြောင်းကို တုကျဲ့ ချက်ကျလက်ကျသိနေရ
သည့်အကြောင်းရင်းကတော့ authorက ဤ
အကြောင်းကို အသေးစိတ်ရေးခဲ့၍ဖြစ်သည်။
မူရင်း YY novelဖြစ်သည့် " Mixed
Blood"ထဲမှာ မသေမျိုးကပ်ဘေးဆိုက်ကပ်ခြင်း
နှင့် လစ်ခ်ျလူးဝစ်အကြောင်းကို ရီရယ်ကျီချိုး
သုံးမျက်နှာနီးပါး မိတ်ဆက်ခဲ့သည် ။