Ep 89(Zawgyi &Unicode)
6.7K 1K 182
Chapter 46.2 - Protagonist: Because it's you.
မှုန်ဝါးနေတဲ့လောကက ချက်ချင်းကြည်လင်လာ
ခဲ့သည် ။ ဂရုတစိုက်နဲ့ ဆင်မြန်းထားတဲ့ ရှို့ ကို
တုကျဲ့ ငေးကြည့်လိုက်မိသည် ။သူ့ဦးနှောက်ထဲမှာ
ဗလာနတ္တိဖြစ်သွားခဲ့သည် ။နတ်သူငယ်က
ရွှေရောင်အစင်းလေးတွေနဲ့ မနုလွန်း မရင့်လွန်းတဲ့
အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားခဲ့ကာ...သူ့ရဲ့
ရှည်လျားတဲ့ငွေရောင်ဆံပင်တွေကို ဆံပင်ထုံးဖွဲ့
သည့်အဆင်တန်ဆာတွေနှင့် ဂရုတစိုက် ဆင်ယင်
ထားခဲ့သည် ။ သူ့မျက်နှာပေါ်က မိတ်ကပ်ကအရမ်း
ပါးလျပေမယ့်..သူ့မျက်နှာရဲ့ လက်ရာမြောက်လှ
တဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပေးနေခဲ့သည် -
လူအားလုံးကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ယောက်ျား
သဖွယ် မိန်းမသဖွယ် ပြီးပြည့်စုံလှတဲ့အလှမျိုး....
ဖော်ပြဖို့ရာမစွမ်းသာတဲ့ အလှမျိုး...ထို့နောက်
ထိုလှပမှုရဲ့ ပိုင်ရှင်ကို ပိုင်ဆိုင်လိုသည့်နက်ရှိုင်းတဲ့
စိတ်ဆန္ဒတွေကို လှုံ့ ဆော်ပေးနိုင်စွမ်းရှိသည် ။
ထိုသူကတော့ " စီဆယ်လ် " ဖြစ်ပြီး..သူ့အလှက
တစ်လောကလုံးကို အံ့အားသင့်ပြီးတော့ ရင်သပ်
ရှုမောသွားစေခဲ့သည် ။
စီဆယ် ပေါ်လာချိန်မှာ... ပရိသတ်တွေအကုန်လုံး
ငြိမ်ကျသွားခဲ့ကာ အပ်ကျသံတောင်မကြားရတော့
ပေ ။
[ တစ်ခါတုန်းက ...အရမ်းကိုလှပတဲ့ လူတစ်
ယောက် ရှိခဲ့သည်...သူ့နာမည်ကတော့
စီဆယ်လ် ]
ဇာတ်ကြောင်းပြန်သူ ပြောနေစဉ်အတွင်းမှာ...ရှို့ 
က ထိုနေရာမှာရပ်ရုံပဲရပ်နေပြီးတော့ လူတိုင်းကို
ရူးသွပ်သွားနေစေခဲ့သည် ။
တုကျဲ့ ဒါတွေအကုန်လုံးကို ဇာတ်ခုံအကွယ်ကနေ
ရပ်ကြည့်နေခဲ့မိသည် ။ သူ့ကို ရှို့ ဘာလို့ကြိုက်မှန်း
သူ နားမလည်ပေ ။
... ဘာလို့ သူမှလဲ?
ဖန်ဆင်းရှင်က စီဆယ်လ်ရဲ့ အချိန်ကိုရပ်တန့်
လိုက်တာ တုကျဲ့ ကြည့်နေမိသည် ။ ထိုဟာက
သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ရိပ်ခနဲမြင်လိုက်ရ
သလိုမျိုးနဲ့ တူနေခဲ့သည် ။
တုကျဲ့ ထိုအတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး
နောက်...စတင်ပြီး စိတ်လှုပ်ရှားလာမိသည်
ဘာလို့ဆို အူကြောင်ကြား ချစ်စရာကောင်လေး
စင်ပေါ်တက်ရတော့မှာကြောင့်ဖြစ်သည် ။