Ep 53( Zawgyi& Unicode)
7.3K 1.1K 195
Chapter 28.2 - Protagonist: Let's make a bet
ရထားလုံးပေါ်ကနေ ဆင်းလာခဲ့တဲ့လူနှစ်ယောက်ကို
တံခါးဝမှာရှိနေခဲ့တဲ့ နတ်ဆိုးဘဏ္ဍာစိုး တွေ့လိုက်ရ
သည် ။ထိုနှစ်ယောက်ကတော့ဖော်ရွေတဲ့အပြုံးလေး
ဆင်မြန်းထားတဲ့ဆံပင်ရွှေရောင်နဲ့ လူငယ်လေးနှင့်
ပေါင်းသင်းဆက်ဆံဖို့တော်တော် ခက်ခဲမယ့်ပုံပေါ်
သည့် မျက်နှာထားတင်းတင်းနဲ့ အေးစက်စက်ပုံစံ
အနက်ရောင်ဆံပင်နဲ့ ကောင်လေးတို့ပဲဖြစ်သည် ။
တုကျဲ့ ကို ဘဏ္ဍာစိုးတစ်ချက်လောက်မျှသာ
ကြည့်ပြီး သူ့ရဲ့အာရုံကို ရှို့ ဆီကိုသာ ပို့ထားလိုက်
သည် ။အကဲဖြတ်တဲ့မျက်လုံးနဲ့ ဆံပင်ရွှေရောင်
ကောင်လေးကို ကြည့်နေခဲ့တဲ့ ဘဏ္ဍာစိုး
တစ်ယောက် မျက်လုံးပြာပြာ...ရွေရောင်ဆံပင်နဲ့
လူငယ်လေးရဲ့ ရုပ်ရည်သွင်ပြင်မှာ ဘာပြစ်ချက်မှ
ကိုရှာမတွေ့ခဲ့ပေ ။ပြစ်ချက်ဆိုပြီးပြောစရာဆိုလို့ ရှို့ 
မှာ ဗလကြံ့ခိုင်မှုနည်းနည်းလောက်လေး လိုနေတာ
ပဲရှိသည် ။
တစ်ဖက်လူက အဆင့်မြင့်ဓားသခင်ဖြစ်လောက်
သည်ဟု ဘဏ္ဍာစိုးအကြမ်းဖျင်းကောက်ချက်
ချလိုက်သည် ဒါပေမယ့် တခြားအရည်အချင်းတွေ
ကိုတော့ သူ မထုတ်ဖော်တတ်ခဲ့ပေ ။ရှို့ အသက်
လေး နှင့် ဒီအဆင့်ထိရောက်နိုင်တာကိုတော်တော်
လေးတော်နေပြီဟု ဘဏ္ဍာစိုးတွေးလိုက်မိသည် ။
တစ်ယောက်သောသူသာ ဘဏ္ဍာစိုးဘာတွေတွေး
နေတာမှန်း သိခဲ့လျှင်..သူနှာခေါင်းရှုံ့ ပြီးတွေးလိုက်
မိမှာပင်...တုံးအလိုက်တဲ့သေမျိုး...! ဇာတ်လိုက်ရဲ့
စွမ်းရည်ကို တော်တော်အထင်သေးလိုက်တာပဲ။
ချစ်စဖွယ်သခင်လေးရဲ့ စစ်မက်ရေးရာအတတ်
ပညာနဲ့ မှော်စွမ်းရည်ကို သူမြန်မြန်လေးကိုးကွယ်
ဆည်းပူးသင့်နေပြီ!
နတ်ဆိုးဘဏ္ဍာစိုးက သူတို့ဆီလျှောက်လာပြီးတော့
ကြိုဆိုတဲ့စကားတစ်ချို့ ပြောလာတာကို တုကျဲ့ 
တွေ့လိုက်ရသည် ။အစေခံရဲ့ အမူအရာက
အပေါ်ယံအားဖြင့်တော့ ရိုကျိုးတဲ့ပုံစံပေါက်နေ
ပေမယ့်လည်း သူ့ရဲ့ပင်ကိုယ်မောက်မာမှုကိုတော့
မဖုံးကွယ်နိုင်ခဲ့ပေ ။ ဟန်အမူအရာဖြင့် ဘဏ္ဍာစိုးက
သူတို့ကို အထဲဝင်ရန်ဖိတ်ခေါ်ပြီး ဦးဆောင်၍
ခေါ်သွားခဲ့သည် ။အခုထိ မှင်သက်နေသေးတဲ့
တုကျဲ့ ကို ရှို့ သူနဲ့ အတူခေါ်သွားရင်းနဲ့ အစေခံ
နောက်ကိုလိုက်သွားလိုက်သည် ။