Ep 27(Zawgyi & Unicode)
8.7K 1.1K 49
Chapter 15.1 - Protagonist: Do not leave my line of sight.
Minotaurနှာချေလိုက်သည် ။ဂိတ်တံခါးကို
စောင့်ရတာ အရမ်းကိုပျင်းရိဖို့ကောင်းသည်။
ညက Succubusအကြောင်းကိုပြန်ပြီး မြင်ယောင်
လာမိသည် ။အဲဒီနတ်ဆိုးမလေးက သူ့ရဲ့အနှစ်တွေ
ကိုခမ်းခြောက်သွားအောင်လုပ်ချင်ရုံမကပဲ.. သူ့ရဲ့
ပိုက်ဆံအိတ်ကိုပါပြောင်အောင်လုပ်ချင်နေခဲ့သည် ။
(Minotaurက ဂရိဒဏ္ဍာရီတွေထဲက
လူခန္တာကိုယ်နဲ့ နွားသိုးရဲ့ဦးခေါင်း ၊အမြှီးရှိတဲ့
မကောင်းဆိုးဝါးဖြစ်ပြီး ၊ Succubusကတော့
အိပ်ပျော်နေတဲ့ယောက်ျားနဲ့ ကာမယှက်တင်တတ်
တဲ့ ဒဏ္ဍာရီလာနတ်ဆိုးမပါ )
သူနဲ့အစောင့်ကျသူအဖော်က အိပ်ချင်နေပြီး..စိတ်တို
ကာ ညီးညူနေခဲ့သည် ။
"ဟား..ဒီနေ့ကတော့ပြဿဒါးပဲ ။သဘာဝအင်အားစု
မုန်တိုင်းတိုက်ခံထားရတဲ့ ဒီနေ့ကျမှအစောင့်
တာဝန်ကျရတယ်လို့ ။အပိုငွေရမယ့်လမ်းတော့
မမြင်ပါဘူးကွာ ။"
မြို့ကိုဝင်တဲ့သူတိုင်း ဆက်ကြေးပေးကြရသည်။
မသင်္ကာစရာကောင်းတဲ့လူလာရင်တော့ အစောင့်
တွေက ဆက်ကြေးကို သေချာပေါက်ပိုပြီး
တောင်းလေ့ရှိသည်။ဒါပေမဲ့ သဘာဝအင်အားစု
မုန်တိုင်းအတွင်းမှာတော့ အရမ်းစွမ်းအားရှိတဲ့လူတွေ
ကလွဲပြီး ဘယ်သူမှအပြင်မှာမနေနိုင်ဘူးဖြစ်သည် ။
လူအများစုက မြို့72မြို့ရဲ့အတွင်းမှာပဲနေကြပြီး
မုန်တိုင်းပြီးဖို့ကိုစောင့်လေ့ရှိသည် ။
Minotaur က သူ့အဖော်နဲ့အတူ
ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်မလို့လုပ်လိုက်ချိန်မှာ
လူတစ်ယောက် လျှောက်လာတာကိုမြင်လိုက်ရ
သည် ။အဲလူရဲ့ပုံစံကအရမ်းကို ထူးဆန်းသည်...
ခရီးသွားလား? သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ရှိ
သည် ။
စုတ်ပြတ်နေတဲ့အနက်ရောင်ဝတ်ရုံနဲ့ ဖုံးကွယ်နေ၍
မြင်နိုင်တာလေးတစ်ခုက အလားတူစုတ်ပြတ်နေတဲ့
အနက်ရောင်ခေါင်းစွပ်အောက်က ထိုလူရဲ့
အနည်းငယ်ထွက်နေတဲ့ အနက်ရောင်ဆံပင်လေး
ပင်ဖြစ်သည် ။
အဲဒီလူနီးကပ်လာတော့ အနက်ရောင်သဘာဝပစွည်း
တွေရက်လုပ်ထားသလိုဖြစ်နေတဲ့ ဝတ်ရုံကနေပြီး
သွေးနံ့ ကို Minotaur ရလိုက်သည်။
သူ့ရဲ့ပတ်ပတ်လည်မှာ အနက်ရောင်သဘာဝပစ္စည်း
တွေနဲ့ သေခြင်းရဲ့အငွေ့အသက်ဖျော့ဖျော့လေး
ရှိနေခဲ့သည် ။