Ep 44(Zawgyi & Unicode)
8K 1.1K 59
Chapter 24.1 – Author: The Flame Lord’s fighting power is only 5.
ကုန်းမြေက လောင်ကျွမ်းကာမည်းနက်နေခဲ့သည်...
မီးကျွမ်းထားတဲ့မြေမျက်နှာပြင်အက်ကြောင်းတွေက
နေ ချော်ရည်တွေကစီးဆင်းနေကြပြီး...အရမ်း
ပြင်းထန်လှတဲ့အပူငွေ့တွေက လေထဲမှာပျံ့ နှံ့ နေ
ခဲ့သည် ။အနီနဲ့အနက်မြင်ကွင်းက အရမ်းကိုအရိုင်း
ဆန်ပြီး...တချို့သောဘာသာတွေ သရုပ်ဖော်ပြောဆို
ကြတဲ့မီးငရဲနှင့်ပင် တူနေခဲ့သည် ။
ချော်ရည်တွေက အရမ်းပြင်ထန်းတဲ့မီးမုန်တိုင်း
ကြောင့်ဖြစ်ပေါ်လာသည်ဟု ဆိုကြပြီး...တုကျဲ့ နဲ့ ရှို့ 
ကုန်မြေရဲ့ ဆန့်ကျင်ဘက်အခြမ်းကိုရောက်ကာကစ
ကြုံတွေခဲ့ရတဲ့ အနက်ရောင်မိုးမုန်တိုင်းနဲ့ ဆင်တူ
သည် ။
ဒီနေရာက မီးအင်အားစုမုန်တိုင်းရဲ့ ကြောက်မက်
ဖွယ်ကောင်းပုံကို ဖော်ပြနေခဲ့သည်...ပင်မကုန်းမြေ
တစ်ခုလုံးမှာရှိတဲ့ မီးအင်အားစုအကုန်လုံးနီးပါးစုစည်းထားခဲ့တဲ့မုန်တိုင်းက နေရာတစ်နေရာထဲမှာဖြစ်ပေါ်ခဲ့
သည် ။ဒီနေရာမှာ မီးအင်အားတည်ရှိမှုက အရမ်းကို
သိပ်သည်းသောကြောင့် မီးလျှံခရစ်စတယ်ဝိညာဉ်
ဖြစ်ပေါ်လာဖို့် အခွင့်အရေးအရမ်းကိုများသည် ။
ထိုဝိညာဉ်တွေက မီးစွမ်းအားကိုပိုင်ဆိုင်ထားတဲ့
စစ်သည်တော်တွေနဲ့ စုန်းတွေရဲ့ စွမ်းအင်ကို
မြှင့်တက်အောင် ကူညီပေးနိုင်သည် ။အဲလစ်ရဲ့မီး
စွမ်းအားကို ပြန်လည်ပြောင်းလဲဖြစ်ပေါ်အောင်ကူညီဖို့
ရန်အတွက် ချော်ရည်တည်နေရာဘုံမှာနေထိုင်တဲ့
မီးလျှံသခင်ဆီကနေ တိုက်ခိုက်လုယူရမယ့် မီးလျှံ
ခရစ်စတယ်ဝိညာဉ်ကို ဗိုင်အိုလက်လိုအပ်သည် ။
သူမက မီးလျှံသခင်ကိုမနိုင်နိုင်၍ ရှို့ ရဲ့အကူအညီကို
သူမတောင်းခံရခြင်းဖြစ်သည် ။
တုကျဲ့ နဲ့ သူအဖွဲ့ဝင်တွေက ချော်ရည်တွေစီးဆင်းတဲ့
နောက်ကိုလိုက်ပြီး အနောက်ဘက်ကိုခရီးဆက်ခဲ့ကြ
သည် ။ရံဖန်ရံခါ အဝေးကနေမီးလျှံသားရဲတွေကို သူ
တို့တွေ့ကြရသည် ။Levelမြင့် ရန်သူတော့မရှိပေ
မယ့်လည်း...ဒီလိုဆိုးရွားတဲ့ပတ်ဝန်းကျင်ကြောင့်
ဒီနေရာကတုကျဲ့ ရဲ့အကြီးမားဆုံး အိပ်မက်ဆိုးတွေ
ထဲကတစ်ခုဖြစ်သွားခဲ့သည် ။